ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို

သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA မှ မဏ္ဍပ်ဖွင့်လှစ်ကာ ငလျင်ဒဏ်အတွက်အလှူငွေကောက်ခံနေစဉ် TNLA တပ်သားများ ရောက်ရှိလာပြီး နေရာမှ ထွက်ခွာသွားရန် နှင်ထုတ်ခဲ့ခြင်းကြောင့် နှစ်ဘက်တပ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – ကွတ်ခိုင်ြမို့ TLEC ဆရာ/မများမှ ငလျင်ဒဏ်အတွက် အလှူငွေကောက်ခံနေစဉ် (ဓာတ်ပုံ – ဆဏ်းမောင် ကွတ်ခိုင်)

“ဈေးနားမှာ ကိုးကန့်တပ်ကို အလှူခံမဏ္ဍပ်ကနေ ထွက်သွားဖို့ ပလောင်စစ်သားက လာပြောတာ။ အဲ့ကနေ စပြီးတော့ ရန်ဖြစ်ကြတာ၊ ကိုးကန့်ဘက်က သေနတ်ဒင်နဲ့ ထုလိုက်လို့ ပလောင်စစ်သားတစ်ယောက် ခေါင်းပေါက်ပြီး သေတယ်ပြောတယ်။ အခုနှစ်ဘက်လုံး အင်အားဖြည့်ပြီး စစ်ရေးတင်းမာနေကြတယ်” ဟု ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ်တွင် MNDAA မှ ခွင့်ပြုချက်တောင်းခံခြင်း မရှိဘဲ အလှူခံမဏ္ဍပ်ဖွင့်လှစ်ခြင်းကြောင့် TNLA တပ်သားများမှ လာရောက်နှင်ထုတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူထံ အတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းနေသည်။

ပုံစာ – ကွတ်ခိုင်ြမို့ TLEC ဆရာ/မများမှ ငလျင်ဒဏ်အတွက် အလှူငွေကောက်ခံနေစဉ် (ဓာတ်ပုံ – ဆဏ်းမောင် ကွတ်ခိုင်)

ကွတ်ခိုင်မြို့ TNLA နှင့် MNDAA နှစ်ဘက်တပ်ဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုအတွင်း TNLA တပ်သားတစ်ဦး ဦးခေါင်းရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကနဦး သိရှိရသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေသည်။

ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ငလျင်ဒဏ် ကူညီရန်အတွက် တအာင်းပညာရေးကောင်စီ TLEC မှ ဆရာ၊ ဆရာမများနှင့် ပြည်သူများလည်း အလှူငွေ ကောက်ခံနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်ကလည်း ကွတ်ခိုင်မြို့ပေါ် ဖွင့်လှစ်ထားသည့် KIA ဆက်ဆံရေးရုံးသို့ TNLA ဘက်မှ အင်အားအများအပြားဖြင့်ရောက်ရှိလာပြီး ဆက်ဆံရေးရုံးနှင့် နားနေဆောင်ရှိ နေရာ (၂) ခုမှ KIA တပ်သား (၄၀) ခန့်ကို ကားတင်ခေါ်ဆောင်ကာ နမ့်ဖတ်ကာဘက်သို့ပို့ဆောင်လိုက်ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...