သျှမ်းပြည် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးလာရောက် ကြဲချကြောင်း TNLA က ယနေ့ သြဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ၊ ဈေးဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံး ၃ လုံးဖြင့် လာရောက်ကြဲချခဲ့ပြီး နေအိမ် ၂ လုံးလည်း ဗုံးစထိမှန် မီးလောင်သွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စန်းများ မကျဆုံးရှုံးရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း သိရသည်။
ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်စခန်းများအဖြစ် ကျန်ရှိနေသော အမှတ် (၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ -၁ ၊ ခြေမြန်တပ်ရင်း ခမရ (၅၀၁) နှင့် (၅၀၂) တို့ ရှိနေသည်။
လက်ရှိအချိန်မှာတော့ ကွတ်ခိုင်မြို့ ဒေသခံများကို သျှမ်းသံတော်ဆင့် ဆက်သွယ်မေးမြန်းမရသေးပေ။
လက်ကျန်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စခန်းကုန်းအနီးတဝှိက်နှင့် ပတ္တမြားစေတီအနီး၊ ဂေါက်ကွင်းအနီးနှင့် ခမရ -၅၀၁ စခန်းနီးသို့ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၁၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့တပ်စခန်းသို့ ထောက်ပို့လေယာဉ် Y 12 ဖြင့် လက်နက်ခဲယမ်း ၂၂ ထုတ် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။