တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကိုပိတ်လိုက်ရ၊ လူနာများအား အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသနေရ

သျှမ်းပြည် ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို ပိတ်ထားလိုက်ရပြီး လူနာနှင့်ဆရာဝန်များအား အခြားဆေးရုံထံသို့ ပြောင်းရွှေ့ထား ရကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင် ပြည်သူ့ဆေးရုံ (ရွှေဖီမြေ)

ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက်အစောပိုင်းမှစပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ကာ လူနာနှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံထံသို့ တစ်နေလုံးနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း လားရှိုးမြို့ရောက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆေးရုံကပိတ်ရတာထက် ရွှေ့လိုက်ရတာပေါ့ဗျာ။ ကွတ်ခိုင်မှာက အန္တရာယ်များလို့လေ။ တိုက်ပွဲကြားမှာ ညှပ်နေတော့ လူနာတွေကို ကောင်းခါးတိုက်နယ်ဆေးရုံကို ရွှေ့ပြီး ခဏပြောင်းကုသနေရတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ ကောင်းခါးတိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့သွားရသည့် လူနာဦးရေမှာ ရာနှင့်ချီရှိပြီး ယင်းမြို့တွင်း တိုက်ပွဲကြောင့် ထွက်မပြေးနိုင်ဘဲ လူနေအိမ်ရပ်ကွက်ထဲမှာ ပိတ်မိနေသည့် ပြည်သူများလည်း ထောင်နှင့်ချီ ကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

၎င်းတို့မှာ အခြားမြို့နယ်တို့ထွက်ပြေးသွားရန် လမ်းစရိတ်မတတ်နိုင်ခြင်း၊ အခြားမြို့နယ်မှအသိမိတ်ဆွေ မရှိခြင်းကြောင့် ထွက်မပြေးနိုင်ဘဲ တိုက်ပွဲကြားမှာကျန်ရစ်နေကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“တချို့မပြေးနိုင်တဲ့သူတွေပေါ့ဗျာ..။အခုတောင် လမ်းစရိတ်တောင်မှ လားရှိုးဆိုရင် ကျပ်ငွေ ၂ သိန်းခွဲ လောက်ရှိတယ်။ ဒါတောင် ဆိုင်ကယ်နဲ့သွားရတာ။ တချို့ကျတော့ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့ အတိုင်းအတာမှာ ပြေးဖို့မလွယ်တော့ နီးစပ်ရာခြုံလုံမယ့်နေရာမှာခိုလှုံပြီးတော့ ပိတ်မိနေတာပေါ့” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ကွတ်ခိုင်မြို့တွင်းတိုက်ပွဲကြား ပိတ်နေကြသည့် ပြည်သူများမှာ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅) နှင့် ရပ်ကွက် (၆) စသည့်ဖြင့် ရပ်ကွက်များဖြစ်ကြောင်း၊ ၎င်းတို့သည် လက်ရှိတွင်ကတုတ်ကျဉ်းထဲမှာ ပုန်းခိုနေရကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ကွတ်ခိုင်မြို့နှင့် တဆက်တည်း ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့နှင့် နမ့်ဖတ်ကာ ကျေးရွာတွင်လည်း တိုက်ပွဲပြင်းထန်နေလျက်ရှိသောကြောင့် အခြားမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးမှ ကွတ်ခိုင်မြို့နယ်တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ရန် ခက်ခဲမှုရှိနေဆဲပင်။

“တခြားမြို့နယ်က သူတို့ကိုလာကယ်မယ့်သူ လောလောဆယ်မရှိသေးဘူး။ သိန္နီဘက်ကတက်လာလို့လည်း မလွယ်ဘူး။ မူဆယ်ကလည်းမလွယ်ဘူး။ အဲ့မှာပိတ်နေသလိုဖြစ်တော့ အခုမှာ ကျနော်တို့ အသင်းတွေကော၊ ဟိုမှာကျန်ခဲ့တဲ့အသင်းတွေကော လောဆယ်ကယ်ထုတ်ဖို့ကြိုးစားနေတယ်။ နှစ်ဖက်အဖွဲ့ကို တောင်းနေတယ်” ဟု လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်တိုက်ပွဲသည် ပြီးခဲ့သည့် (ဒီဇင်ဘာလ နောက်ဆုံးပတ်)မှစ၍ တစ်ကျော့ပြန်လည် ဖြစ်ပွားခဲ့ကာ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်)အထိ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းဖြင့် ၅ ကြိမ်တိုင်တိုင် ဗုံး (၁၉) လုံးလာရောက်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း TNLA မှထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း ကွတ်ခိုင်မြို့နယ် တိုက်ပွဲကြား ပြည်သူ ၂၀ ကျော်သေဆုံးပြီး ၄၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် မှတ်တမ်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...