ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်တပ်မိသားစုဝင်များကို TNLAမှ မိုင်းခွဲတိုက်ခိုက် သတင်းအမှား

ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့၏ တပ်သား မိသားစုဝင်များကို တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးပြီး ရောက်နေသည့်လမ်းတစ်ဝက်မှာတင် မိုင်းများဖြင့်ဖောက်ခွဲ၍ သေဆုံးသတင်းမှား ဖြန့်ချိနေသည်။

ကွတ်ခိုင်မြို့ပုံ

စစ်ကောင်စီ၏ ဝါဒဖြန့် ဟန်ငြိမ်းဦးဆိုသည့်အကောင့်တစ်ခုမှ “ ဇန်နဝါရီ (၇) ရက် ကွတ်ခိုင်မြို့ တပ်မတော်မှ စစ်သည်များ၏ ဇနီးရဲမေနှင့် ကလေးငယ် စုစုပေါင်း (၁၄၆) ယေက်မိသားစုများက ထွက်ခွာလာစဉ် လွိုင်ဆမ်ဆစ်တောင် ကြားအရောက်တွင် TNLA အင်အား (၄၀၀)ခန့်မှ ဖမ်းဆီးကာ ကားပေါ်မှ ဆင်းခွင့်မပေးဘဲ မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ရာ အားလုံးသေကုန်ကြောင်း” ဟုဆိုကာ ရေးသားဖြန့်ချိနေသည်။
Archive Link – https://archive.ph/b2hbd

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့် အဖွဲ့သူများက အဆိုအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းမှာ အချက်အလက်မှားယွင်းနေကြောင်း တွေ့ရသည်။

ကွတ်ခိုင်မြို့

ပြီးခဲ့တဲ့ (ဇန်နဝါရီလ ၆ ရက်) နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီ အခြေချ စစ်ဗျူဟာတပ် (စဗခ) မှ ညီနောင်မဟာမိတ်ထံသို့ လက်နက်ချအညံ့ခံအပြီး ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ထိုနေ့ညပိုင်း၌ ကားအစီးရေ ၂၀ ကျော်ဖြင့်မြို့ကိုစွန့်ခွာသွားကြောင်း လူမှုကူညီရေးအသင်းအဖွဲ့ တစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောကြားခဲ့သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၏ ပြန်ကြားရေးထံသို့ မေးမြန်းခဲ့ရာ “သတင်းအမှားသာဖြစ်တယ်” ဟု အတည်ပြု ဖြေကြားထားသည်။

လွတ်လပ်ပြီး ယုံကြည်ရသော အခြားမီဒီယာများတွင် ယင်းအကြောင်းအရင်းကိစ္စနှင့် ပတ်သက်၍ ရေးသားဖော်ပြခြင်းမရှိပေ။

ထို့ကြောင့် ကွတ်ခိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည် စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်များကို TNLAမှ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး လူအများ အထင်လွဲမှားအောင် သတင်းအချက်အလက်ကို မစီစစ်ဘဲ ချဲကားရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်ရဲ့ Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Shortပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...