ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်းသေဆုံး

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံးကာ ကားတစ်စီးလည်း ပျက်စီးကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လားရှိုးမြို့မှ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကွတ်ခိုင်မြို့နယ်၊ ၃၈ မိုင် မန်ပြိန်းကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက် ခံရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆွဲမိုင်းလို့ ပြောကြတယ်။ ရွာနဲ့ သိပ်မဝေးတော့ အသံတွေလည်း တော်တော်ကျယ်တယ်။ အဲ့ဒီ စစ်ကြောင်းက စစ်ကားစုစုပေါင်း (၁၀) စီးကျော်တယ်။ ငါးယောက်က နေရာမှာပဲ ပွဲချင်းပြီး သေသွားပြီး၊ ကားတစ်စီးလည်း ပျက်စီးသွားတယ်” ဟု ဖြစ်စဥ်ကို သိရှိသည့် အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ပေါက်ကွဲသံများ ကြားရပြီးနောက်တွင် အရေးပေါ်ကားများလည်း ရောက်ရှိလာပြီး ထိခိုက် ဒဏ်ရာရ သူများကို လားရှိုးဘက်သို့ သယ်ဆောင်သွားကြောင်းလည်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် စစ်ကောင်စီ စစ်ကားတစ်စီးသည် ယနေ့ (အောက်တိုဘာလ ၁၂) ရက် နံနက်ပိုင်းအထိ လမ်းဘေးတွင် ရပ်ထားသည်ကို တွေ့ရကြောင်း အထက်ပါ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“မနက်က လမ်းသွားလမ်းလာတွေ လာပြောပြတာ၊ ပျက်သွားတဲ့ကားက လမ်းဘေးမှာ ရှိနေတုန်းတဲ့၊ အခုတော့ ရှိသေးလား မသိဘူး။ စက်နှိုးမရတော့လို့ ယူမသွားတာ ထင်တယ်။ မနေ့က ဖြတ်သွားဖြတ် လာရင်း တွေ့တဲ့သူတွေ ပြောပြတာ အလောင်းက ၅ ယောက်တဲ့၊ ထိခိုက်ဒဏ်ရာရတဲ့ သူတွေတော့ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး ဒေသခံများမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဖြစ်သည်ဟု ပြောဆိုကြသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်ကားထိခိုက်ပျက်စီးခြင်း၊ တပ်သားသေဆုံးခြင်း များ ရှိသော်လည်း အရပ်သား နှင့် ဒေသအတွင်း ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။
ကွတ်ခိုင်မြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့၊ ပြည်သူ့ စစ်တပ်ဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် SSPP တပ်ဖွဲ့၊ TNLA တပ်ဖွဲ့ ၊ KIA တပ်ဖွဲ့ နှင့် MNDAA တပ်တို့လည်း သွားလာ လှုပ်ရှားမှု ရှိကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...