ကွတ်ခိုင် စစ်ကောင်စီတပ် မှ နမ့်ဖတ်ကာရွာ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန်ပြော၊ စစ်ရှောင်များအတွက် ဆေးဝါးမလုံလောက်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် စစ်ကောင်စီတပ်မှ ပြောဆိုကြောင်း စုံစမ်းသိရသည်။

ဒီဇင်ဘာလ ပထမပတ်မှစ၍ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီးတွင် အခြေစိုက်သော စစ်ကောင်စီတပ် ခလရ – ၁၂၃ မှ နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ရန် လာရောက်ပြောဆိုကြောင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသခံများက ပြောသည်။

Photo – Credit ( နမ့်ဖတ်ကာ)

“အခု နမ့်ဖတ်ကာမှာလဲ တောက်လျှောက် ရှောင်ခိုင်းနေတာ၊ တော်တော်များများ ရှောင်ကုန်ပြီ။ ကွတ်ခိုင်မြို့နယ် တဝိုက်မှာဆိုရင်တော့ မုံးစီးတို့ တာမိုးညဲတို့ဘက်မှာလဲ စစ်ဘေးရှောင်က ၂ ထောင် ၃ ထောင်စီ ရှိနေကြပြီ။ တာမိုးညဲလဲ အကုန်လုံးက ကွတ်ခိုင်ကို ရွှေ့လာကြပြီလေ။ မုံးစီးဆိုရင် အရင်က စစ်ရှောင်နေတဲ့ စစ်ရှောင်စခန်း (camp) ၄ ခုမှာ စာရင်းအရ လူ ၂၀၀၀ လောက်ရှိတယ်။ ကွတ်ခိုင်မြို့ တစ်မြို့ပဲကျန်တယ်၊ အဲ့တာလဲ ဘယ်နေ့ ရှောင်ရမလဲ မသိသေးဘူး။ တစ်မြို့နယ်လုံး ရှောင်ကြတာဆိုတော့ သောင်းဂဏန်းလောက် ရှိတော့မယ်”ဟု ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ – ၁၂၃ နှင့် နီးစပ်သည့် ရပ်ကွက် (၄) ခုတို့မှ ပြည်သူများကို ထွက်ပြေးတိမ်းရှောင်ခိုင်းခြင်းကြောင့် ဒီဇင်ဘာလ ၂ ရက်မှစ၍ နီးစပ်ရာကျေးရွာ နှင့် လယ်တောများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း နမ့်ဖတ်ကာကျေးရွာ စစ်ဘေးရှောင်များထံမှ သိရသည်။

ကွတ်ခိုင်မြို့

“နမ့်ဖတ်ကာ၊ မုံးစီး၊ တာမိုးညဲ၊ ကာလိုင် ဒီတကြောပေါ့။ ကွတ်ခိုင်ဘေးပတ်ဝန်းကျင်က လူတွေကော အခုက ကိုယ့်ရွာမှာကိုယ် မနေကြတော့ဘူး။ လွတ်မယ်ထင်တဲ့နေရာ ကြိုပြီးမှ ရှောင်နေကြရတယ်။ ကာလိုင်မှာဆိုရင် စစ်ရှောင်စခန်းကနေ နောက်ထပ် စစ်ရှောင်ရတယ်။ အခုလူဦးရေက အားလုံးပေါင်းကြည့်မယ်ဆိုရင် တစ်သောင်းနားလောက် ကပ်နေပြီ၊ တိုးဖို့ပဲ ရှိမယ် လျော့ဖို့မရှိဘူး။ အခုက မြို့ကလူက တောကိုရှောင်၊ တောကလူက ဟိုးတောထဲကို ထပ်ရှောင်ပေါ့ အဲ့လိုဖြစ်နေတာ”ဟု ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရသည့် လူနာများကို ဆေးကုသပေးနေသည့် ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင်လည်း ဆေးဝါးမလုံလောက်တော့ဘဲ ပြတ်လပ်နေသည်ဟု ကွတ်ခိုင်မြို့ စစ်ဘေးရှောင်များက ပြောသည်။

“နမ့်စလပ်က အစပေါ့၊ ကွတ်ခိုင် ပတ်ပတ်လည် နေရာတကာက လူနာတွေ ဒီကိုပဲ လာကြတာလေ။ ကွတ်ခိုင်ဆေးရုံမှာလဲ ဆေးတွေ ပြတ်နေပြီ။ အရေးပေါ်လူနာချုပ်ဖို့ အပ်ချည်တောင် မရှိတော့တဲ့အထိ အရေးပေါ်ဖြစ်နေပြီ။ အရေးတကြီး လိုအပ်တာကတော့ အဲ့ဒီ ဆေးဝါးတွေပေါ့။ ကျမတို့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေလဲ အလောတကြီး လိုအပ်နေတယ်”ဟု ကွတ်ခိုင်မြို့နယ်မှ ၎င်းစစ်ဘေးရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၄ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ကွတ်ခိုင်မြို့စစ်ဘေးရှောင်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...