ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၇ရက်)နေ့ည ၁၂နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄) ရေထွက်ဦးပန်ခြံ ဈေးအနီးရှိ လူနေအိမ်ပေါ်သို့ ပေါင် (၅၀၀)ဗုံး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲချခဲ့ရာတွင် နှစ်လသားအရွယ် ကလေးနှင့် မိခင် တစ်ဦး၊ သက်ကြီးရွယ်အို တစ် ဦး စုစုပေါင်း ၃ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဉီး

“မနေ့ည ၁၂ နာရီလောက် စစ်တပ်က ဗုံးလာကြဲသွားတယ်။ လူနေများပြီး အဆောက်အအုံကြီးတဲ့နေရာကို ဦးတည်ပြီး ပစ်ကြတယ်။ သေဆုံတဲ့သူထဲမှာက ၂လသားအရွယ်ကလေးနဲ့ မိခင်ဖြစ်သူ ၂ ယောက်လုံးဆုံးသွားတယ်။ အသက်ကြီးတဲ့သူ ၁ယောက်လည်း ဆုံးသွားတယ်။ ထိခိုက်တဲ့သူတော်တော်များတယ် အဲထဲမှာမှ ဒဏ်ရာအပြင်းအထန်းရတဲ့သူလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့နယ်မှ ကွတ်ခိုင်မြို့သို့ စစ်ရှောင်လာသည့် ဒေသခံတစ်ချို့တွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲတိုက်ခိုက် မှုကြောင့် လားရှိုးသို့ ပြန်လည် တိမ်းရှောင်နေရသည်ဟု လားရှိုးစစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

“လားရှိုးမှာ ဗုံးခဏခဏ ကြဲလို့ ကွတ်ခိုင်ကို လာရှောင်တာ စစ်တပ်က ထပ်မံဗုံးကြဲပြန်တယ်။ ကြောက်လို့ လားရှိုးကို ပြန်လည်တိမ်းရှောင်နေရတယ်။ ရှောင်စရာနေရာလည်း မရှိတော့ပါဘူး။ တစ်ရက်ထပ်တစ်ရက် ပိုပိုခက်ခဲလာတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (နိုဝင်လာလ ၁ရက်) နံနက်အစော ၃ နာရီခွဲကျော်တွင်လည်း ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်မြောက် ရှိလာကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...