Tuesday, January 27, 2026

ဗုံးကြဲတိုက်ခိုက်

သီပေါမြို့ပေါ် နှစ်ရက်ဆက်တိုက် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁ ရက်) ည ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး...

ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် အများအပြားသေဆုံးသည်ဟု ဖော်ပြချက်အပေါ် စိစစ်ချက်

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။ အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း...

စစ်ကောင်စီ ဗုံးကြဲခဲ့သည် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ်ဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် တအာင်း (ပလောင်) အမျိုးသားအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ဌာနချုပ်ဖြစ်သည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်ဖြစ်သည့် KO CHIT (MDY) ချန်နယ်က မတ်လ ၁၇ ရက်တွင်...

ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ကရင်နီ (ကယားပြည်) ဒီးမော့ဆိုမြို့ ချယ်ရီကုန်း အနီးရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရှောင်အမျိုးသမီး တစ်ဉီး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၄ ) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ KTV နှင့် ချယ်ရီကုန်း စျေးအနီးတွင်...

မိုးကုတ်မြို့ ကျောက်တူးဖော်လုပ်ကွက်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက် ၃ ဦးသေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဉီး ပြီ၊ အရပ်သား၂၀ဉီးထက်မနက် ဒဏ်ရာရရှိသူများ ရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)နေ့ နံနက်အစောပိုင်းတွင် မိုးကုတ်မြို့၏ အနောက်ပိုင်း ကျောက်တူးဖော်သောလုပ်ကွက် နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီ ဉီးတည်ဗုံးကြဲ ၃ဉီးသေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၂၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်တာပြီး...

ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ရက်)နေ့ည ၁၂နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄) ရေထွက်ဦးပန်ခြံ ဈေးအနီးရှိ လူနေအိမ်ပေါ်သို့ ပေါင်...

မူဆယ်မြို့နယ်အတွင်း စစ်တပ်လေယာဉ် နေစဉ်ပျံဝဲနေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံ့ဝဲနေပြီး အရပ်သားများက နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၇ ရက် ) မွန်းလွှဲပိုင်းအချိန်တွင် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံ့ဝံနေလျက်ရှိပြီး မူဆယ်မြို့ ဘောလုံးကွင်းမှာ ရိက္ခာလာချသွားကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက...

နမ့်ခမ်းမြို့ပေါ် စစ်ကောင်စီတပ် လေယာဉ် ၆ စီးဖြင့် အင်အားဖြည့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦး ထိမှန်သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်က အင်အားအများအပြား ဖြည့်တင်းလျက်ရှိကာ လေယာဉ် ၆ စီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညအချိန်မှစ၍ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA...

မူဆယ်တိုက်ပွဲ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် ဒေသခံများ ကတုတ်ကျင်းတူးထားရ

မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်တွင် ရက်ရှည်ကြာတိုက်ပွဲ ဖြစ်ပွားလာသည်နှင့်အမျှ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာသောကြောင့် ဒေသခံများ ကတုတ်ကျင်း တူးထားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA...

Latest news