Tuesday, January 27, 2026

စစ်ကောင်စီ ဗုံးကြဲခဲ့သည် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ်ဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် တအာင်း (ပလောင်) အမျိုးသားအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ဌာနချုပ်ဖြစ်သည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်ဖြစ်သည့် KO CHIT (MDY) ချန်နယ်က မတ်လ ၁၇ ရက်တွင် ဖြန့်ချိခဲ့ပြီး “နောင်ချို ပလောင်တို့ ဌာနချုပ်” ဟုဆိုကာ ဗုံးကြဲခံရသည့် နောင်ချိုမြို့ စိန်ရတနာ ယရိယတ္တိစာသင်ကျောင်း၏ ရုပ်သံဖိုင်ကို ဖြန့်ချိခဲ့သည်။

ထို့အပြင် တအာင်းတပ်(TNLA)သည် ဘုန်းကြီးကျောင်းများတွင် စစ်စခန်းလုပ်ခြင်းကြောင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောင်ချိုလေကြောင်းတိုက်ခိုက်မှုတွင် TNLA ထိပ်ပိုင်းခေါင်းဆောင် ၄၀နီးပါး သေဆုံးကြောင်း Truth Waves Media (TW) ချန်နယ်က
ဖြန့်ချိနေပါသည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိသည်။

KO CHIT (MDY) – https://archive.ph/ua40p

Truth Waves Media (TW) – https://archive.ph/olvLe

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်မှ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်တွေ့ရှိချက်

မတ်လ ၁၆ ရက် ညနေပိုင်းတွင် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၈ ပါး၊ ဦးဇင်း ၁ ပါး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၁၄ ဦးသေဆုံးသွားခဲ့ကြောင့် သျှမ်းမြောက်အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည့် ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/VHSfd

နောင်ချိုမြို့တွင် ရှိသော စိန်ရတနာပရိယတ္တိစာသင်တိုက်ကို အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် ၆ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/HO2da

သို့သော် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ်ဖြစ်ကြောင်း ဖော်ပြခြင်းမရှိပေ။

အဆိုပါ ဖြန့်ချိနေသည့် အကြောင်းအရာနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကို မေးမြန်ခဲ့ရာတွင် စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ် မဟုတ်ကြောင်း၊ သို့ရာတွင် ဘုန်းကြီးကျောင်းအတွင်း TNLA စစ်သားများ ဝင်ရောက်သွားလာခြင်းရှိကြောင်း ပြောသည်။

“ဘုန်းကြီးကျောင်းမှာ ပလောင်(TNLA)စစ်သားတွေ အုပ်စုလိုက် ရေလာချိုးတာတို့ ရှိတယ်။ အဲ့မှာတော့ မနေဘူး ပြောတယ်။ အခုက သတင်းပေးတဲ့လူ ရှိလို့ လာကြဲတာမျိုး ပြောနေကြတယ်။ နောင်ချိုမှာ ဖုန်းလိုင်းပြန်ဖွင့်ပေးပြီးရင် တခါတည်း ဗုံးကြဲခံရတာ။ အရင်တခေါက်ကလည်း နောင်ချိုနဲ့ ကျောက်မဲဘက်မှာ ဖုန်းလိုင်းပြန်ရတော့ မနက်ပိုင်းရရင် နေ့လယ်ဆို ဗုံးကြဲခံရတယ်”ဟု နောင်ချိုဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက် လေကြောင်းဗုံးကြဲတိုက်ခံရခြင်းသည် ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများ၏ အတည်ပြုချက်ဖြင့် သျှမ်းသံတော်ဆင့်က ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/qbfTj

သုံးသပ်ချက်

နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှာ မှန်ကန်သည်။

သို့သော် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် TNLA ၏ ဌာနချုပ်ဖြစ်သောကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ၊ ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ထိုကြောင့် စစ်ကောင်စီ ဗုံးကြဲခဲ့သည် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA တို့၏ ဌာနချုပ်ဖြစ်သည် ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...