စစ်ကောင်စီ ဗုံးကြဲခဲ့သည် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ်ဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် တအာင်း (ပလောင်) အမျိုးသားအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၏ ဌာနချုပ်ဖြစ်သည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။

စစ်ကောင်စီအာပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်ဖြစ်သည့် KO CHIT (MDY) ချန်နယ်က မတ်လ ၁၇ ရက်တွင် ဖြန့်ချိခဲ့ပြီး “နောင်ချို ပလောင်တို့ ဌာနချုပ်” ဟုဆိုကာ ဗုံးကြဲခံရသည့် နောင်ချိုမြို့ စိန်ရတနာ ယရိယတ္တိစာသင်ကျောင်း၏ ရုပ်သံဖိုင်ကို ဖြန့်ချိခဲ့သည်။

ထို့အပြင် တအာင်းတပ်(TNLA)သည် ဘုန်းကြီးကျောင်းများတွင် စစ်စခန်းလုပ်ခြင်းကြောင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နောင်ချိုလေကြောင်းတိုက်ခိုက်မှုတွင် TNLA ထိပ်ပိုင်းခေါင်းဆောင် ၄၀နီးပါး သေဆုံးကြောင်း Truth Waves Media (TW) ချန်နယ်က
ဖြန့်ချိနေပါသည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိသည်။

KO CHIT (MDY) – https://archive.ph/ua40p

Truth Waves Media (TW) – https://archive.ph/olvLe

စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်မှ ဖော်ပြသော အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းစိစစ်တွေ့ရှိချက်

မတ်လ ၁၆ ရက် ညနေပိုင်းတွင် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၈ ပါး၊ ဦးဇင်း ၁ ပါး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၁၄ ဦးသေဆုံးသွားခဲ့ကြောင့် သျှမ်းမြောက်အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်သည့် ရွှေဖီမြေသတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/VHSfd

နောင်ချိုမြို့တွင် ရှိသော စိန်ရတနာပရိယတ္တိစာသင်တိုက်ကို အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သံဃာတော် ၆ ပါးနှင့် လူပုဂ္ဂိုလ် ၃ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီသတင်းဌာနက ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/HO2da

သို့သော် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ်ဖြစ်ကြောင်း ဖော်ပြခြင်းမရှိပေ။

အဆိုပါ ဖြန့်ချိနေသည့် အကြောင်းအရာနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကို မေးမြန်ခဲ့ရာတွင် စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA ၏ ဌာနချုပ် မဟုတ်ကြောင်း၊ သို့ရာတွင် ဘုန်းကြီးကျောင်းအတွင်း TNLA စစ်သားများ ဝင်ရောက်သွားလာခြင်းရှိကြောင်း ပြောသည်။

“ဘုန်းကြီးကျောင်းမှာ ပလောင်(TNLA)စစ်သားတွေ အုပ်စုလိုက် ရေလာချိုးတာတို့ ရှိတယ်။ အဲ့မှာတော့ မနေဘူး ပြောတယ်။ အခုက သတင်းပေးတဲ့လူ ရှိလို့ လာကြဲတာမျိုး ပြောနေကြတယ်။ နောင်ချိုမှာ ဖုန်းလိုင်းပြန်ဖွင့်ပေးပြီးရင် တခါတည်း ဗုံးကြဲခံရတာ။ အရင်တခေါက်ကလည်း နောင်ချိုနဲ့ ကျောက်မဲဘက်မှာ ဖုန်းလိုင်းပြန်ရတော့ မနက်ပိုင်းရရင် နေ့လယ်ဆို ဗုံးကြဲခံရတယ်”ဟု နောင်ချိုဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက် လေကြောင်းဗုံးကြဲတိုက်ခံရခြင်းသည် ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများ၏ အတည်ပြုချက်ဖြင့် သျှမ်းသံတော်ဆင့်က ဖော်ပြသည်။

သတင်းလင့်ခ် – https://shorturl.at/qbfTj

သုံးသပ်ချက်

နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်မှာ မှန်ကန်သည်။

သို့သော် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရခြင်းသည် TNLA ၏ ဌာနချုပ်ဖြစ်သောကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ၊ ဖုန်းလိုင်း ခေတ္တပြန်ဖွင့်ပြီးနောက် စစ်ကောင်စီထံ သတင်းပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

ထိုကြောင့် စစ်ကောင်စီ ဗုံးကြဲခဲ့သည် နောင်ချို စိန်ရတနာ ပရိယတ္တိစာသင်တိုက်သည် TNLA တို့၏ ဌာနချုပ်ဖြစ်သည် ဆိုသည့် ဖော်ပြချက်က မှားယွင်းနေပါသည်။

စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှတစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသည့် သတင်းများကိုလည်း ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...