ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၂၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်တာပြီး ထို့နေရာတွင် ၂ဦး ပွဲချင်းပြီးသေဆုံးကာ ကျန်တစ်ဉီးသည် ဆေးရုံတွင် သေဆုံးသွားကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။
“မနေ့က စစ်ရှောင်စခန်းကို ဗုံးကြဲသွားတယ်။ ပွဲချင်း ၂ဦးဆုံးတယ် နောက်တစ်ဦးက ဆေးရုံမှာ ဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူက ၄ ဦးရှိတယ်။ စစ်ကောင်စီတွေက စစ်ရှောင်စခန်းကို ဦးတည်ပြီး ကြဲနေတယ်။ ရှောင်စရာနေရာလည်း မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် လွိုင်ကော်၊မိုးဗြဲ၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့တကြောတွင် ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်ရှောင်စခန်းကို မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း သိရသည်။
(ဇန်နဝါရီ ၁၄ ရက်)နေ့တွင် အာဏာသိမ်းဒုခေါင်းဆောင်သည် လွိုင်ကော်မြိုသို့ ရောက်ရှိပြီးနောက် လွိုင်ကော်အခြေစိုက် တပ်ရင်းများက လွိုင်ကော်၊မိုးဗြဲ၊ ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့တကြောတွင် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments