Tuesday, January 27, 2026

ဒီးမော့ဆို

ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီ၌ အနက်ပေ ၁၀၀ ကျော် ကျင်းကြီးဖြစ်ပေါ်

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကျင်းနက်ကြီး တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး နောက်ရက်မတ်လ ၂၉ ရက်နေ့မှစတင်ကာ ဒီးမော့ဆို အနောက်ဖက်ခြမ်းတွင် မြေကျွံကျပြီး တဖြည်းဖြည်းနှင့် အနက်ပေ ၁၀၀ ခန့်ရှိ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုကျင်းနက်ကြီးသည် အကျယ်...

ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ကရင်နီ (ကယားပြည်) ဒီးမော့ဆိုမြို့ ချယ်ရီကုန်း အနီးရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရှောင်အမျိုးသမီး တစ်ဉီး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၄ ) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ KTV နှင့် ချယ်ရီကုန်း စျေးအနီးတွင်...

ဒီးမော့ဆိုမြို့ စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

ကယားပြည်( ကရင်နီ) ဒီးမော့ဆို မြို့အနီးရှိ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်ကို စစ်ကောင်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်သဖြင့် ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ညနေပိုင်း ၃ နာရီတွင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် ပြည်သူ့နေအိမ် ၄...

ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီ ဉီးတည်ဗုံးကြဲ ၃ဉီးသေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်)နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆို စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်မှ ပေါင် ၂၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်တာပြီး...

သျှမ်း-ကရင်နီတကြော ရောက် စစ်ရှောင်အချို့ ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရ

သျှမ်း-ကရင်နီနယ်စပ် တကြောရောက်ရှိနေသည့် စစ်ဘေးရှောင်အချို့သည် ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောဖြစ်သည် စစ်ဘေးရှောင်များမှာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုတို့ဘက်ခြမ်းဖြစ်သည်။ “စစ်ရှောင်တချို့ဆို ထင်းခြောက်လေးတွေကောက်ပြီး ရောင်းစားနေရတဲ့သူတွေလည်းရှိတယ်။ မိသားစုများတဲ့သူတွေပါတော့ ရှိတာနဲ့တင် မလုံလောက်ဘူး။ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ရှာဖွေနေကြတဲ့သူလည်း ရှိတယ်” ဟု မိုးဗြဲစစ်ရှောင်အမျိုးသမီး တစ်ဉီးက...

ဖယ်ခုံတွင် တောင်ကျချောင်းရေကြောင့် ကလေးနှင့် သက်ကြီးရွယ်အို ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တောင်ကျချောင်းရေကြောင့် ကလေးနှင့် သက်ကြီးရွယ်အို ပြည်သူ ၃ ဦးသေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖယ်ခုံမြို့နယ် သိကျိတ်ရွာထဲသို့ ရုတ်တရက် တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် ကလေးနှင့် သက်ကြီးရွယ်အို ပြည်သူ ၃ ဦး မျောပါသွားပြီး...

ဒီးမော့ဆို စစ်ရှောင်စခန်း ရေဝင်၊ စာသင်ကျောင်းပိတ်ထားရ

ကရင်နီပြည်၊ ဒီးမော့ဆို့မြို့နယ်အရှေ့ဖက်ခြမ်း တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွန်ချောင်းမှာ ရေမြင့်တက်လာပြီး ပွန်ချောင်းအနီးတဝိုက်ရှိ (အမှတ်၆) စစ်ရှောင် စာသင်ကျောင်းနှင့် စစ်ဘေးရှောင် အဆောင်းအချို့ ရေနစ်မြှုပ်ကြောင်း စုံစမ်းသိရသည်။ ထိုစာသင်ကျောင်း ရေဝင်မှုကြောင့် ယာယီပိတ်ထားရပြီး၊ အချို့စစ်ရှောင်များသည် ရေလွတ်ရာသို့ ထပ်မံ ပြောင်းရွှေ့နေထိုင်ရကြောင်း စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲ ကလေးငယ် ၄ဦးသေဆုံး

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဒီးမော့ဆိုနောက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့်...

ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်များသည် စောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်

ကရင်နီ (ကယား)ပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များသည် စောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များသည် ရာသီဥတု အအေးလွန်လာမှုကြောင့် ခြုံစရာ စောင်များ လိုအပ်နေသည်။ ထို့အပြင် ရေရှာပါးမှုကြောင့် ဟင်းသီးဟင်းရွက်စိုက်မရသည့် အတွက် စားနပ်ရိက္ခာအတွက်ပါစိုးရိမ်နေပြီး လက်ရှိတွင် အလှူရှင်များကလာရောက်မှု နည်းပါးလာသောကြောင်း အနည်းငယ်...

ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းအများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများဖြစ်ပွားနေ

ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း အများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးပြောပြချက်အရသိရသည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိစစ်ရှောင် စခန်းအများစုသည် ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည့် နေရာအများစုတွင် တည်ရှိပြီး ရေရှားပါးမှုပြသာနာကို ရင်ဆိုင်နေကြရကာ သောက်သုံးရေကို အဝီစီတွင်း တူးပြီး သုံးစွဲနေကြရသည်။ သဘာဝ ချောင်းရေများလည်း ခမ်းခြောက်ကုန်ပြီး မသန့်ရှင်းသည့်ရေကို...

Latest news