Tuesday, January 27, 2026

ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်များသည် စောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်

ကရင်နီ (ကယား)ပြည် ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များသည် စောင်နှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

Photo – Credit ( သျှမ်း – ကရင်နီ နယ်စပ်ရှိ စစ်ရှောင်များ)

ဒီးမော့ဆို အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များသည် ရာသီဥတု အအေးလွန်လာမှုကြောင့် ခြုံစရာ စောင်များ လိုအပ်နေသည်။

ထို့အပြင် ရေရှာပါးမှုကြောင့် ဟင်းသီးဟင်းရွက်စိုက်မရသည့် အတွက် စားနပ်ရိက္ခာအတွက်ပါစိုးရိမ်နေပြီး လက်ရှိတွင် အလှူရှင်များကလာရောက်မှု နည်းပါးလာသောကြောင်း အနည်းငယ် ဝယ်ယူထားသည့်ခေါက်ဆွဲ ခြောက်များသာ အများဆုံး စားသုံးနေရကြောင်း စုံစမ်းသိရှိရပါသည်။

ထိုကဲ့သို့ ခြုံစရာစောင်များ မရှိသည့်အတွက် ချမ်းအေးလွန်းသောကြောင့် အိပ်မရသည့်အပြင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများသည်လည်း နာမကျန်းဖြစ်နေရကြောင်းကို ယခုလိုပြောထားသည်။

“အရမ်းအေးတော့ အိပ်မရဘူး။ ကလေးကလဲ အရမ်းအေးလို့ထင်တယ် နေသိပ်မကောင်းကြဘူး။ အသက်ကြီးတဲ့ သူတွေဆိုလဲ ပိုဆိုးတာပေါ့။ သူတို့က အနွေးဓာတ်လိုတယ်။ ကိုယ်ခံအားကလဲသိပ်မရှိတော့ ပိုဖျားကြတာပေါ့” ဟုစစ်ရှောင် အမျိုးသားတစ်ဦးကပြောသည်။

ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

စားနပ်ရိက္ခာများမလုံလောက်သည့်အပြင် သန့်ရှင်းသော သောက်ရေး သုံးရေများ မရှိသောကြောင့် တကိုယ်ရေသန့်ရှင်းမှု နည်းပါးပြီး ကျန်းမာရေးချို့တဲ့ လာမှုကိုလည်း ယခုလို ဆိုထားသည်။

” အခုက မိုးကလည်း မရှိတော့ သီးပင်စားပင်တွေဆို စိုက်မရဘူး။ မိုးရာသီတုန်းကတော့ ကိုယ့်ဟာကို အပင်စိုက်ပြီး စားလို့ရသေးတယ်။ အခုက ရေလဲမရှိ။ အေးကလဲအေး ဘာမှကို လုပ်လို့မရဘူး။ အစားစာတွေက အဟာရမရှိလို့ထင်ပါရဲ့ ကျန်းမာရေးကလဲသိပ်မကောင်းကြဘူး” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စစ်ရှောင် တစ်သိန်းနီးပါးမျှရှိပြီး (၂)နှစ်ကျော် (၃)နှစ်နီးပါးအထိ စစ်ရှောင်နေရတာဖြစ်ပြီး တခြားဒေသမှာ စစ်ရှောင်လာကြသည့် ဒေသခံများလည်း ပါသလို အများစုမှာ ကရင်နီပြည်နယ်မှ ဒေသခံများဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...