Tuesday, January 27, 2026

ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီ၌ အနက်ပေ ၁၀၀ ကျော် ကျင်းကြီးဖြစ်ပေါ်

ကရင်နီပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် ကျင်းနက်ကြီး တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး နောက်ရက်မတ်လ ၂၉ ရက်နေ့မှစတင်ကာ ဒီးမော့ဆို အနောက်ဖက်ခြမ်းတွင် မြေကျွံကျပြီး တဖြည်းဖြည်းနှင့် အနက်ပေ ၁၀၀ ခန့်ရှိ ကျင်းနက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုကျင်းနက်ကြီးသည် အကျယ် ပေး ၁၀၀ ပတ်လည်နှင့် အနက်ပေ ၁၀၀ ကျော်ရှိသည်။

ငလျင်လှုပ်ခတ်ပြီး ကျင်းနက်ကြီးဖြစ်

ယနေ့ ဧပြီလ ၁ ရက်နေ့ထိ အဆိုပါကျင်းနက်ကြီးသည် တဖြည်းဖြည်းနှင့် မြေကျွံကျလာနေပြီး တွင်းအနက်များလာသလို အကျယ်လည်း တိုးလာကြောင်း သိရသည်။

ထို့အပြင် ဒီးမော့ဆိုမြို့ အနောက််ဘက်ခြမ်းရှိ ပြည်သူများ အဓီကမှီခိုအားထားရသည့် နန်းစံဖူးချောင်း သည်လည်း ငလျင်လှုပ်ခတ်မှုကြောင့် ရုတ်တရက် ရေများခမ်းခြောက်သွားပြီး လက်ရှိအချိန်ထိ ရေများအသုံးပြု၍ မရကြောင်း သိရသည်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ နှင့် မန္တလေးမြို့ ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်နှင့် နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံတဝန်း သမိုင်းဝင်ဘာသာရေး အဆောက်အဦများ၊ လမ်းတံတားများအပါအဝင် တိုက်များ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငလျင်လှုပ်ပြီးနောက် ပေါ်လာတဲ့ ကရင်နီပြည်က ကျင်းကြီးဟာ ​​​မှောင်ခိုလမ်းဖြစ်တယ်ဆိုတဲ့ သတင်းအမှား

0
ကရင်နီပြည်မှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မြေကျွံကျသွားပြီး အနက် ၁၀၀ ကျော်ရှိတဲ့ ကျင်းကြီးဟာ မှောင်ခိုလမ်းဖြစ်တယ်ဆိုပြီး ဖေ့ဘွတ်လူမှုကွက်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီအကြောင်းအရာကို ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ K Moon Eain ဆိုတဲ့အကောင့်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ကရင်နီတပ်များ တစ်နှစ်ကျော်ကြာ သိမ်းထားသည့် မိုးဗြဲမြို့ နေရာအချို့ကို စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်

0
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မိုးဗြဲမြို့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း ( ခမရ) ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိုးဗြဲမြို့မြောက်ဘက်...

သျှမ်းတောင်နှင့် ကရင်နီတွင် စစ်ရေးဖောင်ဆောင်ရန်အတွက် SSNDF တပ်သားသစ်ခေါ်ယူ

0
သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်အတွင်းရှိ စစ်ကောင်စီတပ်များကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန်အတွက် သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/ KNDF က တပ်သားသစ်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ရှေ့တန်းစစ်မျက်နှာပြင်တွင်ရှိသော စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှ SSNDF/ KNDF B-103...

ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

0
ကရင်နီ (ကယားပြည်) ဒီးမော့ဆိုမြို့ ချယ်ရီကုန်း အနီးရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရှောင်အမျိုးသမီး တစ်ဉီး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၄ ) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဒီးမော့ဆိုအနောက်ခြမ်းရှိ KTV နှင့် ချယ်ရီကုန်း စျေးအနီးတွင်...

ဒီးမော့ဆိုမြို့ စစ်ကောင်စီ လေကြောင်း ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

0
ကယားပြည်( ကရင်နီ) ဒီးမော့ဆို မြို့အနီးရှိ စာသင်ကျောင်းနှင့် ပြည်သူနေအိမ်ကို စစ်ကောင်မှ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်သဖြင့် ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) ညနေပိုင်း ၃ နာရီတွင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအပါအဝင် ပြည်သူ့နေအိမ် ၄...