မိုးဗြဲမြို့အနီး စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်နီးပါး နှစ်ဘက်ထိတွေ့မှုရှိနေ

သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့၏ ကာကင်းများကို စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးခြင်းကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ဧပြီလ ဒုတိယပတ်အတွင်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု၏ ကာကင်းများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးနေခြင်းကြောင့် နေ့စဉ်နီးပါး နှစ်ဘက်ထိတွေ့မှု ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဧပြီ ၈ ရက်နေ့ ညပိုင်းက ကာကင်းနေရာ တချို့ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာ ရှိတယ်။ ရက်တိုင်းလိုလို စစ်ဆင်းရေး လုပ်နေတာမျိုးပါ။ တိုက်ပွဲကြီး ပြင်းထန်တာမျိုးတော့ မဟုတ်ဘူး၊ ထိတွေ့ အဆင့်လောက်ပါ။ သူတို့က ကာကင်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ ရှိတယ်။ ပြီးရင် လက်နက်ကြီးနဲ့ ရမ်းပစ်ပြီး စစ်ကြောင်းထိုးတာမျိုးတွေ လုပ်လေ့ရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့ပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအတွက် အရေးပါသည့် လမ်းပိုင်းများကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့က ဆက်လက် ထိန်းချုပ်ထားသည်။

ထို့ကြောင့် သျှမ်း-ကရင်နီ (ကယား)နယ်စပ် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်နှင့် PNO ပအိုဝ်းပြည်သူ့စစ်တို့က စစ်ကြောင်းများခွဲကာ ကြိုးပမ်းတိုက်ခိုက်နေပြီး ကရင်နီတော်လှန်ရေးတပ်‌ပေါင်းစုမှလည်း အကောင်းဆုံး ခုခံကာကွယ်နေကြောင်း ရှေ့တန်ရဲဘော်တစ်ဦးက ထပ်လောင်း ပြောသည်။

“စစ်ကောင်စီတွေက မိုးဗြဲထဲက မြို့အနောက်ဘက်ခြမ်းရှိတဲ့ ကျနော်တို့ကို ထိုးစစ်ဆင်နေတာ။ တောင်ပေါ်မှာရှိတဲ့ ကာကင်းတွေဆိုရင် ပတ်ဝန်းကျင်ကို သေချာ စောင့်ကြည့်နိုင်တယ်လေ၊ စစ်ရေးအတွက် အရမ်းအရေးကြီးတယ်။ ကာကင်းတစ်ခု ကျရင် အနီးအနား ကာကင်းတွေပါ ဆက်မခံနိုင်ဘူး ပြိုကွဲနိုင်တယ်။ ဒါကြောင့် အကောင်းဆုံး ခုခံကာကွယ်နေကြတာပါ”ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင်လည်း စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်‌ပေါင်းစုတို့ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့်အပြင် စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင်လည်း မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာနှင့် လာမောက်ရွာ ဘက်ကို စစ်ကော်မရှင်တပ်တို့ စစ်ကြောင်းထိုးမှုများ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် ကန့်သတ်ထားသည့် နယ်မြေများအတွင်း ဖြတ်သန်း သွားလာခြင်း လုံးဝ (လုံးဝ) မပြုရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ အသိပေး ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...