Tuesday, January 27, 2026

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု

ဖယ်ခုံ စစ်တပ်ကို ကရင်နီတပ်ပေါင်းစု တို့ ပြန်ထိုးစစ်ဆင်၊နှစ်ဘက်ထိခိုက်မှုများ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာအနီး အထိုင်ချ တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စစ်မြေပြင်ရှိ...

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း ကရင်နီအစပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ဒရုန်းကြောင့် တော်လှန်ရေးတပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။ ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊...

လွိုင်ကော်မြို့တွင် ပစ္စည်းပြန်သယ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့်  အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ...

ညောင်ရွှေရောက် စစ်ဘေးရှောင် (၈၀၀)ကျော် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ နှစ်လကျော်ကြာရောက်ရှိနေသည့် စစ်ဘေးရှောင် (၈၀၀)ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ် နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် လက်ရှိချိန်ထိ အမိုးအကာ၊စောင် နှင့် အနွေးအထည်များ...

“စားသောက်ဖို့ကတော့ လက်ရှိမှာရွာခံတွေဆီ စပါးတစ်တင်းချေးတယ်၊ ကျနော်တို့ ရွာပြန်လို့ရတဲ့အချိန်ကြရင် ပြန်ဆပ်မယ်ပြောပြီး ချေးငှားစားနေကြတာ”

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့အကြား စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး‌ တိုက်ပွဲများ ပြင်းထန်မှုကြောင့် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ် ကျေးရွာဒေသခံထောင်နဲ့ချီ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်အတွင်း ဘေးလွတ်ကင်းရာကို နိုဝင်ဘာလ...

ဖယ်ခုံမြိုနယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း နှင့် ပင်လောင်းမြို့သို့သွားသည့် လမ်းမတကြောတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှစ၍ စစ်ကောင်စီမှ စစ်အင်အားများဖြည့်ကာ ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော် လှန်ရေး တပ်ပေါင်းစုနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း...

ပင်လောင်းမြို့နယ် တိုက်ပွဲများ တဖန်ပြန်လည် ပြင်းထန်လာ

သျှမ်းပြည် ပင်လောင်းမြို့အတွင်း စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ တဖန် ပြန်လည် ပြင်းထန်လာကြောင်း စုံစမ်းသိရသည်။ ပင်‌လောင်းမြို့နယ် တောင်ပိုင်း ဗန်းမောက်၊ ဆောင်လှန်၊လွယ်ဟိုဝိုး ကျေးရွာ တကြောတွင် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့သည် နိုဝင်ဘာလမှ စ၍ တိုက်ပွဲများ တဖန်ပြန်လည်ပြင်းထန်လာကြောင်း ပင်လောင်းမြို့နယ်...

ပင်လောင်းမြို့နယ် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု နှစ်ပတ်ကျော်ကြာ တိုက်ပွဲပြင်းထန်နေ

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ နှစ်ပတ်ကျော်ကြာ တိုက်ပွဲ ပြင်းထန် နေကြောင်း သတင်းရရှိသည်။ ပင်းလောင်းမြို့ နှင့် ဖယ်ခုံမြို့သွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နမ့်ဖာမူ၊ ပင်စုံ၊ လဲလောင်းနှင့် တက်တောင် စသည့် ကျေးရွာများတွင် စစ်ကောင်စီ၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့...

Latest news