ဖယ်ခုံ စစ်တပ်ကို ကရင်နီတပ်ပေါင်းစု တို့ ပြန်ထိုးစစ်ဆင်၊နှစ်ဘက်ထိခိုက်မှုများ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာအနီး အထိုင်ချ တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေး တပ်သားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲကတော့ ဒီနေ့ (ဒီဇင်ဘာ ၈ ရက်) မနက်အထိ ဖြစ်နေတုန်းပါ။ (ဒီဇင်ဘာ ၆ ရက်) မနက်က ကျနော်တို့ဘက်က တပ်ဖွဲ့တွေစုပြီး ပြန်ထိုးစစ်ဆင်တာ။ သူတို့ ရွာနားမှာ အထိုင်ချ တပ်စွဲထားတဲ့ နေရာကို ပြန်ဝင်တိုက်တာပေါ့။ သူတို့ တပ်စွဲထားတဲ့ နေရာကလည်း အသေအချာကြီးကို မြေတွေတူးပြီး ပြင်ဆင်ထားတာ”ဟု စစ်မြေပြင်ရှိ တော်လှန်ရေး တပ်သားတစ်ဦးက ပြောသည်။

လက်ရှိ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့မှ အရာရှိအပါအဝင် တပ်သားအချို့လည်း သေဆုံးခဲ့ပြီး၊ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဘက်မှလည်း ထိခိုက်ကျဆုံးမှု အနည်းငယ် ရှိခဲ့ကြောင်း စစ်မြေပြင်ရှိ ၎င်းတော်လှန်ရေး တပ်သားက ဆက်ပြောသည်။

“သေတာက တော်တော် သေတယ်၊ ကျနော်နဲ့ နီးလာတဲ့ စစ်ကောင်စီက ၅ ယောက်လောက် မကဘူး သေတာ။ လက်နက်ကတွေလည်း အနည်းငယ် သိမ်းနိုင်တာပေါ့။ တိုက်ပွဲကတော့ တော်တော်ပြင်းတယ်၊ အလောင်းတွေကတော့ တစ်ဘက်နဲ့ တစ်ဘက် ပြန်မရသေးတာမျိုး ရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။

တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာကြားတွင် တပ်စွဲထားသည့် စစ်ကော်မရှင်ဘက်မှ နေ့စဉ်နီးပါး လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဘက်မှ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေး တပ်သားတစ်ဦးက ဆက်ပြောသည်။

“ဒီဇင်ဘာလ အစကတော့ တိုက်ပွဲတွေ နည်းနည်းငြိမ်သွားသေးတယ်။ ဒါပေမဲ့ သူတို့ဘက်က ညည ဆိုရင်လည်း လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ ချတယ်။ ကျနော်တို့ဘက်က အချင်းချင်း ပြန်တိုင်ပင်ပြီးတော့ ထိုးစစ်ဆင်တဲ့ ပုံစံပါ။ တိုက်ပွဲငြိမ်လည်း မြေပြင်ပဲမှာ ငြိမ်တာ၊ ဒါပေမဲ့ နေ့တိုင်း သူတို့ဘက်ကော ကိုယ့်ဘက်ကကော ဒရုန်းတွေနဲ့ အပြန်အလှန် တိုက်‌နေတာမျိုးတော့ ရှိနေတယ်”ဟု ၎င်းတော်လှန်ရေးတပ်သားက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်၊ ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား ၂ လကျော်ကြာ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး၊ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ‌ဒေသခံများလည်း ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ၊ တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာ တကြောကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်း စစ်ကြောင်းထိုး သွားလာမှုကြောင့် ကျေးရွာ (၁၀) ရွာမှ ဒေသခံ ၅၀၀၀ ဝန်းကျင် ဘေးလွတ်ရာနှင့် နီးစပ်ရာ ကျေးရွာ၊ တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...