ပင်လောင်းမြို့နယ် တိုက်ပွဲများ တဖန်ပြန်လည် ပြင်းထန်လာ

သျှမ်းပြည် ပင်လောင်းမြို့အတွင်း စစ်ကောင်စီ နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲ တဖန် ပြန်လည် ပြင်းထန်လာကြောင်း စုံစမ်းသိရသည်။

ပင်‌လောင်းမြို့နယ် တောင်ပိုင်း ဗန်းမောက်၊ ဆောင်လှန်၊လွယ်ဟိုဝိုး ကျေးရွာ တကြောတွင် စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့သည် နိုဝင်ဘာလမှ စ၍ တိုက်ပွဲများ တဖန်ပြန်လည်ပြင်းထန်လာကြောင်း ပင်လောင်းမြို့နယ် အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲတွေက ပြန်ဖြစ်နေလာတာ ၃ ရက် ၄ ရက်ပဲရှိသေးတာ။ အဲ့ရှေ့ရက်တွေက ခဏရက်ပိုင်းလောက် ငြိမ်းသွားတာ။ အခုပြန်ဖြစ်တာက တော်တော်အခြေအနေဆိုးတယ်။ ရွာတွေလည်း မီးလောင်ကုန်တယ်။ လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ ပါပစ်နေကြတာပဲ။ လေယာဉ်တွေကတော့ နေ့တိုင်းမြင်နေရတာ”ဟု ပင်လောင်းမြို့နယ် အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း၌ တိုက်ပွဲများဖြစ်ပွားနေကြပြီး လေကြောင်း ၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း ရှိနေပြီး ကျေးရွာအတွင်းတွင် ဒေသခံများ အနည်းငယ်ကျန်ရှိနေကြောင်း ပင်လောင်းမြို့နယ် အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

ပင်လောင်းစစ်ရှောင်

“အခုချိန်က စပါးတွေရိတ်သိမ်းချိန်ဆိုတော့ တချို့တွေက မပြေးကြသေးတာ။ တချို့တွေက တိုက်ပွဲတွေ ငြိမ်နေတယ် ဆိုပြီးတော့ စပါးတွေ ပြန်သိမ်းတာတွေလုပ်ကြတာရှိတယ်။ အဲ့လိုရုတ်တရက် ပြန်ဖြစ်လာတော့ ရွာထဲမှာ လူအနည်းစု ကျန်နေတာ ပိတ်မိနေတာရှိတယ်”ဟု ၎င်းက ပြောသည်

ထိုတိုက်ပွဲဖြစ်ပွားနေသော ကျေးရွာများသည် ပင်လောင်းမြို့နှင့် မိုင် ၂၅ ကျော် ကွာဝေးကြောင်းသိရသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၃၁ ရက်)တွင် ဗန်းမောက်ရွာရှိ ပြည်သူများ ထော်လာဂျီ၊ နှင့် စစ်ဘေးရှောင်ရန် ပြင်ဆင်နေစဉ် စစ်ကောင်စီတပ်မှ ဒရုန်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် မိန်းကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင် နှစ်ဦး သေဆုံးသွားပြီး(၇)ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ပင်လောင်းနယ်စပ်တွင်းရှိသော ဟိုဝိုး၊လွယ်ကျိုင်း၊ လင်ခံကျေးရွာများကို ( နိုဝင်ဘာလ ၁ ရက် ) တွင် နှစ်ဖက်တိုက်ပွဲများကြောင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများသည် ညောင်ရွှေ မြို့နယ် နှင့် ပင်လောင်းမြို့အတွင်း သို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...