ပင်လောင်းမြို့နယ် အတွင်း စစ်ရေး ပြန်ပြင်းထန်လာနိုင်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စု တောင်မဲသင်းကျေးရွာအတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး ယနေ့(အောက်တိုဘာ ၉)ရက် ထိ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့် တောင်မဲသင်းကျေးရွာသည် လွန်ခဲ့သည့် ၂၀၂၃ခုနစ် နှစ်ဉီးပိုင်းတွင်လည်း စစ်ကော်မရှင်တပ်၊ (PNO/PNA)တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ (၃၀၀၀)ကျော် သို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

“ အခုက ထိတွေ့တိုက်ပွဲပြန်ဖြစ်တဲ့သဘောပါ။ အောက်တိုဘာ ၇ရက်ကနေစပြီး ဒီနေ့ မနက်ပိုင်းအထိ ဖြစ်နေတုန်းပဲ။ စစ်ကော်မရှင်နဲ့ PNOတို့က အင်အားတော်တော်များတယ်တက်လာတယ်။ “ ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနစ်တွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ အရပ်သား ၃၀၀၀ ကျော်သည် ပင်လောင်းမြို့နယ် အတွင်းရှိ ပင်ခွန်ကျေးရွာ ၊ မန်းထားကျေးရွာ အနီးတဝိုက် ကျေးရွာများနှင့် ပင်လောင်းမြို့ပေါ်တို့ တွင် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

“ အဲအခုဖြစ်တဲ့ကျေးရွာက ဒေသခံတွေက အရင် ၂၀၂၃ ခုနစ်ကတည်း ကစစ်ဘေးရှောင်တာ၊ အခု ထပ်ရှောင် ရတာတော့မရှိဘူး။ သူတို့က နှစ်နှစ်ကျော်ရှိလာပြီဆိုတော့ စားဝတ်နေရေးတော့ ခက်ခဲကြတယ်။ ကလေးတွေ က ကျောင်းတက်ခွင့်မရကြဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၃၀ အရွယ်ရှိအမျိုးသးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို တိုက်ပွဲကြောင်း နှစ်နှစ်ကျော် ကြား စစ်ဘေးရှောင် ၃၀၀၀ ကျော်သည် လက်ရှိတွင် စားဝတ်နေရေးအတွက် ကလေးငယ်များပါမကျန် ကျောင်းထွက်ပြီး အလုပ်လုပ်ကိုင်နေရသည့်အဆင့်ဖြစ်ကြောင်း၊ ကျေးရွာအတွင်း နေ့စားလိုက်ပြီး ဝမ်းရေးအတွက် ရှာဖွေနေကြပြီး၊ အချို့ နေ့စားမလိုက်ရသည့်ရက်တွင်လည်း အချင်းချင်းကြား ချေးငှားစားသောက်နေရသည်။’

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာသည့် ပင်လောင်းမြို့ပေါ်နှင့် ဆိုင်ကယ်ဖြင့် သွားလျှင် တစ်နာရီကြာပြီး၊ ထိုနေရာတွင် စစ်ကော်မရှင်နှင့် PNO တို့ နေရာယူ နယ်မြေစိုးမိုးထားကြောင်း သိရသည်။

ထိုစစ်ဘေးရှောင်များရောက်ရှိနေသည့် ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ၊ ပင်ပုံကျေးရွာနှင့် လုံးပျဉ်ကျေးရွာတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်ဖွဲ့တို ထိန်းချုပ်ထားကြောင်း စစ်ဘေးရှောင် ကူညီသည့် အမျိုးသားက ပြောသည်။

“ အခု PNO နယ်မြေပြန်ထိန်းချုပ်နိုင်မယ်ဆိုရင် နယ်မြေရှင်းလင်းရေး သေချာလုပ်ပေးစေချင်တယ်။ မြေမြှုပ်မိုင်းတွေကြောင့် ပြည်သူတွေ ဒုက္ခမရောက်စေချင်ဘူး။ အဓိက ပြည်သူလုံခြုံဖို့ပေါ့။ ဘာပဲ ဖြစ်ဖြစ် တိုက်ပွဲ ကမငြိမ်သေးတော့ နေရပ်မပြန်သေးတာ အကောင်းဆုံးပါ။”ဟု အဆိုပါ စစ်ရှောင်ကူညီနေသူ အမျိုးသားက ဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၂၄ခုနစ် ပင်လောင်းမြို့နယ်အတွင်း ပညာရေးကျောင်းမဖွင့်နိုင်သေးသည့် ကျောင်းပေါင်း (၃၀)ကျော်ရှိခဲ့ပြီး၊ ယခုနှစ်တွင် ဖွင့်လိုက် ၊ပိတ်လိုက်လုပ်နေရပြီး၊ စစ်ဘေးရှောင်များ၏ စားဝတ်နေရေးကြောင်း ကလေးငယ်များ ကျောင်းထွက်နှုန်းများလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုနောက်ပိုင်း စားဝတ်နေရေး ကျပ်တည်းလာတော့ ကလေးတွေ ကျောင်းထွက်နှုန်းက များတာ မှန်ပါတယ်၊ အလုပ်ထွက်လုပ်ကြတာလည်း မှန်ပါတယ်၊ ဘယ်အသက်အရွယ်တွေက အဓိက ထွက်လုပ်ကြတယ်ဆိုတာကို သေချာမှတ်တမ်း စာရင်းပြုစုနိုင်ခြင်း မရှိတဲ့အတွက် ပြောလို့မရပါဘူး” ဟု ၎င်းကဆိုသည်။

စစ်ကော်မရှင်ဦးဆောင်ပြီး လာမည့် ဒီဇင်ဘာ ၂၈ရက်တွင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရန်အတွက် ၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများပြန်ရရှိရန်အတွက် PNO နှင့်ပူးပေါင်းပြီး မြေပြင်ထိုးစစ်ဆင်မှုပိုပြင်းထန်လာနိုင်ကြောင်းလည်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...