Tuesday, January 27, 2026

လွိုင်ကော်မြို့တွင် ပစ္စည်းပြန်သယ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့်  အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ဟုတ်တယ်။မနေ့က မိုင်းနင်းမိလို့ အဖိုးကြီး သေသွားတယ်။ ပစ္စည်း ပြန်သယ်ကြတာ မိုင်းနင်းမိတာ။ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလည်းတော့ မသိဘူး။” ဟု အဆိုပါ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသွားသည့် ပြည်သူတစ်ဦးသည် လွိုင်ကော်မြို့နှင့်အနီးရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေပြီး စားနပ်ရိက္ခာအခက်ခဲ ရှိသည့်အတွက် ၎င်းနေထိုင်ရာ မြို့တွင်း သို့ ပစ္စည်းပြန်ယူစဉ် ယခုကဲ့သို့ မိုင်းနင်းမိပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

လွိုင်ကော်မြို့တွင်း မီးရှို့ခံရသည့်အိမ်

လွိုင်ကော်မြို့တွင် သက်ကြီးပိုင်းအရွယ် မြို့ခံများသာကျန်ရှိပြီး လူငယ်အများစုသည် အခြားမြို့များတွင် အလုပ်လုပ်ကိုင်ရင်း စစ်ရှောင်နေကြရသည်ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

“စစ်ရှောင်ဆိုလည်း အသက်ကြီးပိုင်းပဲကျန်ခဲ့တာ။ အရွယ်ငယ်တဲ့သူက တစ်ခြားနေရာမှာ စစ်ရှောင်ပြီး အလုပ်လုပ်တယ်။ပြီးရင်ကျန်ခဲ့တဲ့ မိဘတွေကို ပြန်ထောက်ပံ့နေကြရတာ။အိမ်ရှိပေမဲ့ အိမ်မှာ နေခွင့်မရဘူး။ ကျမရဲ့ အမေဆို ဘုန်းကြီးကျောင်းမှာ နေနေရတာ။ ကုန်ဈေးနှုန်းနဲ့ စားဖို့အခက်ခဲရှိတယ်။” ဟု ၎င်း စစ်ရှောင်က ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၂)ရက် ည (၉) နာရီ အပြင်ထွက်သည့် ပြည်သူနှစ်ဦးအား စစ်ကောင်စီမှ စစ်ဆေးမေးမြန်းခြင်းမရှိဘဲ  သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုလက်ရှိ လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ တပ်စွဲထားပြီး စစ်ရေးအရငြိမ်သက်နေသော်လည်း ကျန်ခဲ့သည့် ပြည်သူများ စားနပ်ရိက္ခာနှင့် အနွေးထည် ၊စောင်များ လိုအပ်နေသည်ဟု စစ်ရှောင်များထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...