Sunday, May 5, 2024

ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲ ကလေးငယ် ၄ဦးသေဆုံး

Must read

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၅ ရက်) မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဒီးမော့ဆိုနောက်ခြမ်းရှိ စာသင်ကျောင်းတစ်ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ဦး ထိခိုက်သေဆုံးသွားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီးမော့ဆိုအနောက်ဖက်က စစ်ဘေးရှောင်နဲ့ ရွာခံရှိတဲ့ ရွာကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးလာကြဲသွားတာဗျာ။ စာသင်ကျောင်းပေါ်ကို လာကြဲသွားတယ်။ ၃ ကြိမ်လောက် လာကြဲသွားတယ်။ ကလေးတွေလည်း ထိပြီးဆုံးတဲ့ရှိသလို ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ။ ဘာတိုက်ပွဲမှမရှိဘူးဗျာ။ ရဲဘောစခန်းတွေလည်းမရှိဘူး” ဟု ၎င်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ လေကြာင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မှစပြီး ၂၀၂၄ ဇန်နဝါရီလ (၃၁)ရက်အထိ ကရင်နီ (ကယား) ပြည်နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁၂၀၃) ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ပြည်သူစုစုပေါင်း (၄၅၇) ဦးကို ပစ်ခတ်၊ သတ်ဖြတ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article