ဒီးမော့ဆို စစ်ရှောင်စခန်း ရေဝင်၊ စာသင်ကျောင်းပိတ်ထားရ

ကရင်နီပြည်၊ ဒီးမော့ဆို့မြို့နယ်အရှေ့ဖက်ခြမ်း တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွန်ချောင်းမှာ ရေမြင့်တက်လာပြီး ပွန်ချောင်းအနီးတဝိုက်ရှိ (အမှတ်၆) စစ်ရှောင် စာသင်ကျောင်းနှင့် စစ်ဘေးရှောင် အဆောင်းအချို့ ရေနစ်မြှုပ်ကြောင်း စုံစမ်းသိရသည်။

ထိုစာသင်ကျောင်း ရေဝင်မှုကြောင့် ယာယီပိတ်ထားရပြီး၊ အချို့စစ်ရှောင်များသည် ရေလွတ်ရာသို့ ထပ်မံ ပြောင်းရွှေ့နေထိုင်ရကြောင်း စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ခုလောလောဆယ်တော့ ကျောင်းပိတ်ထားတယ်။ ဘယ်အချိန်ပြန်ဖွင့်ရမလဲတော့မသိသေးဘူး။ ကျောင်းကဖွင့်လို့ရအုံးမှာလားတောင်မသိတော့ဘူး။ကလေးတွေလည်း တစ်နေရာစီဖြစ်ကုန်ပီလေ”ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ရှောင်ကျောင်းတွင် KG တန်းမှ Grade 10 အထိဖွင့်လှစ်ထားပြီး ကျောင်းသား/သူ (၄၀၀)နီးပါးခန့် ပညာသင်ကြားနေကြသည်။

ပွန်းချောင်းရေ ရုတ်တရက် မြင့်တက်ပြီး ရေကြီးမှုကြောင့် စစ်ရှောင်ကလေးများ တကွဲတပြားဖြစ်ပြီး၊ စစ်ရှောင်များ အခြားနေရာသို့ ထပ်မှာ ရွှေ့ပြောင်းနေရကြောင်းလည်း ၎င်းက ပြောသည်။

” အခုက စစ်ရှောင်တွေ တကွဲတပြားထပ်ဖြစ်တယ်။ ရုတ်တရက်ကြီး ရေကြီးလာတော့ ကလေးတွေ အတွက်စိတ်မကောင်းဘူး။ စိတ်ပူတာက ကျောင်းပြန်ဖွင့်မယ်ဆိုရင်တောင် ကျောင်းတစ်လုံးရဖို့မလွယ်ဘူး။ ကုန်စျေးနူန်းတွေ အစစရာရာစျေးတက်နေတော့ ကျောင်းပြန်မဖွင့်နိုင်မှာ စိုးရိမ်တယ်။” ဟု ဒီမော့ဆိုးဒေသခံ တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင်လည်း စစ်ကောင်စီမှ မိုးဗြဲရေကာတာ ဖွင့်ချမှုကြောင့် ကျေးရွာ (၃)ရွာထက်မနည်းရေနစ်မြုပ်ကာ ဒေသခံထောင်နှင့်ချီရေဘေးသင့်ခဲ့ရကြောင်း သိရသည်။

လက်ရှိ ကရင်နီပြည်နယ်လွိုင်ကောင်ဘက်ကို စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...