Sunday, May 26, 2024

မူဆယ်မြို့နယ်အတွင်း စစ်တပ်လေယာဉ် နေစဉ်ပျံဝဲနေ

Must read

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံ့ဝဲနေပြီး အရပ်သားများက နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၁၇ ရက် ) မွန်းလွှဲပိုင်းအချိန်တွင် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံ့ဝံနေလျက်ရှိပြီး မူဆယ်မြို့ ဘောလုံးကွင်းမှာ ရိက္ခာလာချသွားကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

“ ဒီတစ်ခေါက် သူတို့လာတာ မြန်တယ်။ အဆင်း၊ အတက်ကော သုံးမိနစ်လောက်ပဲ ကြာတယ်။ မူဆယ် ဘောလုံးကွင်းမှာ ရိက္ခာချသွားတာ “ မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ညပိုင်းအချိန်တွင်လည်း နမ့်ခမ်းမြို့နှင့် မူဆယ်မြို့အနီးတွင် ပေါင် (၅၀၀) အလေးချိန်ရှိ ဗုံးဖြင့်လာရောက်ကြဲချသွားကြောင်း သိရသည်။

ထို့ကြောင့် မူဆယ်မြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေရသည့် စစ်ရှောင်များသည်လည်း နေရပ်မပြန်နိုင်ချိန်တွင် လေယာဉ်သံများကြားပါက စစ်မြေပြင်အတွင်းရှိ မိမိနေအိမ်ပေါ်သို့ ဗုံးများကြဲချသွားမည်ကို စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ အခုချိန်မှာ အိမ်ကိုလည်း ပြန်လို့မရသေးဘူး။ လေယာဉ်သံကြားရင် နားစွန့်နေရတယ်။ စိတ်ပူနေရတယ်။ ရွာမှာရှိတဲ့ ငါ့အိမ်တွေကော ဗုံးများကြဲခံရလို့ ပျက်စီးသွားပြီလားမသိ၊ နောက်ပြီး ရွာမှာကျန်ခဲ့တဲ့ လူတွေကော ဘယ်လိုနေလဲ လေယာဉ်သံကြားရင် အဲ့လိုအတွေးဝင်ပြီး စိတ်ပူနေရတယ် “ ဟု ၎င်းစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့မှ စစ်ကောင်စီကို ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲသည့် ၁ လကျော် ကာလအတွင်း စစ်ကောင်စီ၏ ခြေကုပ် စခန်းကြီး /ငယ် ပေါင်း (၃၀၀) ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ (၁၄) ရက်တွင် မူဆယ် (၁၀၅) ရှိ စစ်ကောင်စီ ဗျုဟာကုန်းကို ညီနောင်မဟာမိတ်တို့ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ (၁၅) ရက်တွင်လည်း လက်နက်ခဲယမ်း နှင့်အတူ စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ သျှမ်းမြောက်ဒေသ မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်းဘေးတိမ်းရှောင်သည့် ဒေသခံ (၈၀၀၀) ကျော်သည် စားနပ်ရိက္ခာ အရေးပေါ် အကူအညီ လိုအပ်နေသကဲ့သို့ မူဆယ် – နမ့်ခမ်း ကားလမ်းများ ပိတ်ထားခြင်းကြောင့် နမ့်ခမ်းမြို့နယ်ရှိ စစ်းဘေးရှောင်များအတွက် ဆေးဝါး အခက်အခဲ ဖြစ်နေလျက်ရှိကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article