တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဉီး ပြီ၊ အရပ်သား၂၀ဉီးထက်မနက် ဒဏ်ရာရရှိသူများ ရှိကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်)နေ့ နံနက်အစောပိုင်းတွင် မိုးကုတ်မြို့၏ အနောက်ပိုင်း ကျောက်တူးဖော်သောလုပ်ကွက် နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများဖြင့် အဆက်မပြတ် ကြဲမှုကြောင့် ဒေသခံ ၃ ဦးသေဆုံး၊ ၂၀ဦး ထက်မနည်း ဒဏ်ရာရရှိနေကြောင်း မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ဗုံးကြဲသွားသည့် နေရာတွင် ကျောက်တူးဖော်သည့် လုပ်ကွက်ဖြစ်နေသည့်အတွက် လူကြီးပိုင်း အများဆုံး ထိခိုက် သေဆုံးသူ ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“ဖုန်းလိုင်းပြတ်တောက်မှုနဲ့ အင်တာနဲ့အခက်အခဲကြောင့် အသေးစိတ်ကို မသိရသေးပါဘူး၊ ကနဦး သိရတာတော့ ၃ ဦးသေဆုံးတယ် အယောက် ၂၀ ဦးထက်မနည်း ဒဏ်ရာပြင်းထန်နေကြောင်း သိရတယ်။ ဗုံးကြဲသွားတော့ အဲနေရာကို မသွားရဲဘူး ထပ်လာကြဲမှာ ကြောက်ရတယ်”ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် (ဇန်နဝါရီ ၈ ရက်)နေ့ နေ့လယ် ၁ နာရီဝန်းကျင်အချိန်တွင် မိုးကုတ်မြို့ အရှေ့ဘက်ခြမ်း ဂေါက်ကွင်းအနီးတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင်း နေအိမ် ၅လုံးနှင့် ဘုန်းကြီးကျောင်းအနီးရှိ မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (နိုဝင်ဘာလ ၁၁ ရက်)တွင် စစ်ကောင်စီ တပ်က မိုးကုတ်မြို့ လူအိပ်မောကျချိန်တွင် လေကြောင်းဖြင့် အထက် လယ်ဦးရပ်ကွက် နှင့်အနောက်ပိုင်း မြို့ဦးလွင်အနီး တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၉ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။
မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် TNLA နှင့် PDF ပူပေါင်းတပ်တို့ အပြီးသတ် သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုများ မကြာခဏ စတင်ပြုလုပ်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း












Leave a Comments