Tuesday, January 27, 2026

ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် အများအပြားသေဆုံးသည်ဟု ဖော်ပြချက်အပေါ် စိစစ်ချက်

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။

အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဇွန်လ ၂၉ ရက် နေ့ခင်း (၂) နာအချိန်က ကျောက်မဲမြို့ရှိ စစ်သွေးကြွ TNLA ထွေအုပ်ရုံးကို တပ်မတော်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲရှင်းလင်းခဲ့ရာ စစ်သွေးကြွ အဖွဲ့ဝင် ၁၁ ဦးခန့် သေဆုံးခဲ့ပြီး ၂၈ ဦးခန့် ဒဏ်ရာအပြင်းအထန်း ရရှိခဲ့ကြောင်း” ဟု (မူရင်း) ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ချိခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၂၀,၀၀၀ ကျော်ရှိသည်။

ထို့ပြင် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များဖြစ်ကြသော ဝါဝိမ်းနီ၊ Ye’Ba Nyein၊ ရွှေနေကြာများကလည်း အဆိုပါအကြောင်းအရာကို ထပ်ဆင့်ဖော်ပြထားကြသည်။

မူရင်းလင့်ခ် – https://archive.ph/5jdUt

ဝါစိမ်းနီ – https://archive.ph/7oUxy

Ye’ Ba Nyein – https://archive.ph/cCdA1

ရွှေနေကြာ – https://archive.ph/40RrO

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်က စစ်ဆေးကြည့်သည့်အခါ အကြောင်းအရာက တစ်စိတ်တစ်ပိုင်း မှားယွင်းနေကြောင်း စိစစ်တွေ့ရှိရသည်။

သတင်း စိစစ်ချက်

စစ်ဆေးတွေ့ရှိချက်အရ ဇွန်လ ၂၉ ရက်နေ့တွင် ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျောက်မဲမြို့ ပရဟိတအသင်းကို ကိုးကားပြီး ရွှေဖီမြေသတင်းက ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ရပ်ကွက် ၁ ပင်လုံလမ်းမဘေးရှိ ရှမ်းကျောင်းကြီး စာသင်ကျောင်းနှင့် သိမ်ကျောင်းအနီး ကျရောက်ပေါက်ကွဲ့ခဲ့ရာ လူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း TNLA ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး The Irrawaddy သတင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နှင့် ဇွန်လ (၂၆) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ရွှေဖီမြေ – https://shorturl.at/dhaCT

The Irrawaddy – https://shorturl.at/4tvPr

TNLA ထုတ်ပြန်ချက် – https://shorturl.at/rz33y

သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဒဏ်ရာရရှိသူ ၅ ဦးမှာ ဒေသခံများဟုရေးသားဖော်ပြကြသော်လည်း မြေပြင်သတင်း အလက်အချက်အရ TNLA တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မဲဗုံးကြဲမှုမှာ TNLA တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဗုံးကြဲခံရတုန်းကလည်း အတူတူပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ နမ္မတူ၊ ကျောက်မဲနှင့် မိုးကုတ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇွန်လအတွင်းမှာပင် ပြည်သူ ၅ ဦးသေဆုံးခဲ့ရပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဇူလိုင် ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

TNLA ထုတ်ပြန်ချက် – https://shorturl.at/vy3TQ

သုံးသပ်ချက်

သတင်းမီဒီယာများနှင့် TNLA ၏ဖော်ပြချက်များအရ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အတွင်းမှာ ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် TNLA တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ သို့သော် ထိခိုက်သေဆုံးမှုအများစုမှာ အရပ်သားပြည်သူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ထိုကြောင့် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ ဝါဒဖြန့်သကဲ့သို့ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိသည် ဆိုသည့် အကြောင်းအရာက တစ်စိတ်တစ်ပိုင်း မှားယွင်းနေကြောင်း စိစစ်တွေ့ရှိရသည်။

အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် ဇူလိုင် ၂ ရက်နေ့အထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြ အချက်အလက်များ ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ လွတ်လပ်သည့် သတင်းမီဒီယာဌာနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြုံပြု တိုက်တွန်းလိုပါသည်။

ထို့ပြင် သတင်းတု/ သတင်းမှားဟု ယူဆရသော သတင်းအချက်အလက်များဖြစ်စေ၊ မှန်ကန်သော သတင်းများ ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ MNFC နှင့် သျှမ်းသံတော်ဆင့်၏ (chat box) မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးပို့ရန် အကူညီတောင်းနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေ၏ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာဖော်ပြထားသည့် လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...