ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA တပ်ဖွဲ့ဝင် အများအပြားသေဆုံးသည်ဟု ဖော်ပြချက်အပေါ် စိစစ်ချက်

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ရှိ TNLA ထွေအုပ်ရုံးနှင့် သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း ဖြန့်ချိနေပါသည်။

အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော People Media တယ်လီဂရမ်ချန်နယ်က ဇွန်လ ၃၀ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဇွန်လ ၂၉ ရက် နေ့ခင်း (၂) နာအချိန်က ကျောက်မဲမြို့ရှိ စစ်သွေးကြွ TNLA ထွေအုပ်ရုံးကို တပ်မတော်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲရှင်းလင်းခဲ့ရာ စစ်သွေးကြွ အဖွဲ့ဝင် ၁၁ ဦးခန့် သေဆုံးခဲ့ပြီး ၂၈ ဦးခန့် ဒဏ်ရာအပြင်းအထန်း ရရှိခဲ့ကြောင်း” ဟု (မူရင်း) ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ချိခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ၂၀,၀၀၀ ကျော်ရှိသည်။

ထို့ပြင် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များဖြစ်ကြသော ဝါဝိမ်းနီ၊ Ye’Ba Nyein၊ ရွှေနေကြာများကလည်း အဆိုပါအကြောင်းအရာကို ထပ်ဆင့်ဖော်ပြထားကြသည်။

မူရင်းလင့်ခ် – https://archive.ph/5jdUt

ဝါစိမ်းနီ – https://archive.ph/7oUxy

Ye’ Ba Nyein – https://archive.ph/cCdA1

ရွှေနေကြာ – https://archive.ph/40RrO

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်က စစ်ဆေးကြည့်သည့်အခါ အကြောင်းအရာက တစ်စိတ်တစ်ပိုင်း မှားယွင်းနေကြောင်း စိစစ်တွေ့ရှိရသည်။

သတင်း စိစစ်ချက်

စစ်ဆေးတွေ့ရှိချက်အရ ဇွန်လ ၂၉ ရက်နေ့တွင် ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျောက်မဲမြို့ ပရဟိတအသင်းကို ကိုးကားပြီး ရွှေဖီမြေသတင်းက ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ရပ်ကွက် ၁ ပင်လုံလမ်းမဘေးရှိ ရှမ်းကျောင်းကြီး စာသင်ကျောင်းနှင့် သိမ်ကျောင်းအနီး ကျရောက်ပေါက်ကွဲ့ခဲ့ရာ လူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း TNLA ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး The Irrawaddy သတင်းက ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နှင့် ဇွန်လ (၂၆) ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်မဲမြို့အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ရွှေဖီမြေ – https://shorturl.at/dhaCT

The Irrawaddy – https://shorturl.at/4tvPr

TNLA ထုတ်ပြန်ချက် – https://shorturl.at/rz33y

သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဒဏ်ရာရရှိသူ ၅ ဦးမှာ ဒေသခံများဟုရေးသားဖော်ပြကြသော်လည်း မြေပြင်သတင်း အလက်အချက်အရ TNLA တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မဲဗုံးကြဲမှုမှာ TNLA တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်သေဆုံးတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဗုံးကြဲခံရတုန်းကလည်း အတူတူပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ နမ္မတူ၊ ကျောက်မဲနှင့် မိုးကုတ်တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇွန်လအတွင်းမှာပင် ပြည်သူ ၅ ဦးသေဆုံးခဲ့ရပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ဇူလိုင် ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

TNLA ထုတ်ပြန်ချက် – https://shorturl.at/vy3TQ

သုံးသပ်ချက်

သတင်းမီဒီယာများနှင့် TNLA ၏ဖော်ပြချက်များအရ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အတွင်းမှာ ပြည်သူ ၅ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် TNLA တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ သို့သော် ထိခိုက်သေဆုံးမှုအများစုမှာ အရပ်သားပြည်သူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ထိုကြောင့် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ ဝါဒဖြန့်သကဲ့သို့ TNLA တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိသည် ဆိုသည့် အကြောင်းအရာက တစ်စိတ်တစ်ပိုင်း မှားယွင်းနေကြောင်း စိစစ်တွေ့ရှိရသည်။

အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် ဇူလိုင် ၂ ရက်နေ့အထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြ အချက်အလက်များ ဖြစ်သည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ လွတ်လပ်သည့် သတင်းမီဒီယာဌာနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြုံပြု တိုက်တွန်းလိုပါသည်။

ထို့ပြင် သတင်းတု/ သတင်းမှားဟု ယူဆရသော သတင်းအချက်အလက်များဖြစ်စေ၊ မှန်ကန်သော သတင်းများ ဟုတ်/ မဟုတ် အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ MNFC နှင့် သျှမ်းသံတော်ဆင့်၏ (chat box) မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးပို့ရန် အကူညီတောင်းနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေ၏ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာဖော်ပြထားသည့် လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...