မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးခံလိုက်ရကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။

“အခုမှ အသစ်ဖွဲ့တဲ့ ပြည်သူ့စစ်မှာ ခေါင်းဆောင်တက်လုပ်တာ ၁ လ ကျော်ပဲရှိသေးတယ်။ အဖွဲ့ကတော့ အရင်ကတည်းက ရှိတယ်၊ အခုက လူသစ် လေးငါးယောက်နဲ့ ထပ်ဖွဲ့တာပေါ့။ တချို့ကလည်း တာချီလိတ်က အပြန်မှာ မိတာလို့ပြောတယ်၊ သူ့ပစ္စည်းတွေက လာအိုဘက်က လာတဲ့ ဘိန်းနဲ့ Happy Water လို့လည်း ပြောလို့ရတယ်”ဟု မိုင်းဆတ်မြို့နယ်မှ ဖြစ်စဉ်သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ အသက် (၃၇) နှစ် အရွယ်ရှိ စိုင်းဝမ်းခမ်းကို သတင်းအရ မူးယစ်တပ်ဖွဲ့မှ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းတွင် စောင့်ဖမ်းခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့မှ ယနေ့ (မေလ ၂ ရက်)တွင် ထုတ်ပြန်သည်။

စိုင်းဝန်းခမ်း မောင်းနှင်လာသည့် ကားကို ရပ်တန့်စစ်ဆေးပြီး ရှာဖွေခဲ့ရာ ၎င်းကားပေါ်မှ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၂၀၀၀၀ ပြား (ဒေသပေါက်ဈေး တန်ဖိုးကျပ်ငွေ သိန်း ၅၀၀၀) ကို သိမ်းဆည်းရမိပြီး တာချီလိတ် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“၃၀ ရက်နေ့က ဖမ်းမိတာ၊ ဒီနေ့ကျတော့ သတင်းထွက်လာတာ။ တာချီလိတ်မှာပဲ ချုပ်ထားတာ၊ နောက်လကျမှ အမှုစွဲချက် တင်မယ်ပြောတယ်။ သူသာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဂိတ်တွေကို ဖြတ်မယ်ဆိုရင် ပြည်သူ့စစ်ကဒ်ကို ပြနိုင်ရင် သူ့ကို မစစ်တာလည်း ဖြစ်နိုင်တယ်။ အခုက အရပ်သားလိုပဲ ဝတ်ထားပြီးတော့ ဖမ်းမိမှ ပြည်သူ့စစ်လို့ ပြောတာနေမှာ”ဟု မိုင်းဆတ်မြို့နယ်မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် မိုင်းဆတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဦးဆောင်၍ ကျေးရွာများတွင် လူဦးရေ (၁၀) ဦးခန့်ဖြင့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးထားပြီး ဟိုနား၊ ဝိန်းနေ၊ ဝိန်းကောင်း၊ မယ့်ဆတ်၊ မယ့်နိမ်၊ ဝမ်ကန်၊ ဆိုင်းခေါင် စသည့် ကျေးရွာတိုင်းတွင် ဖွဲ့စည်းပေးထားကြောင်း သိရသည်။

ထို့အပြင် မိုင်းဆတ်အခြေစိုက် စစ်ကောင်စီတပ် ခလရ-၄၉ မှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် သျှမ်း၊ လားဟူနှင့် အာခါ လူမျိုးစုအလိုက် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးထားကြောင်း မိုင်းဆတ်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ကလည်း မိုင်းဆတ်မြို့ ဝိန်းနေရပ်ကွက်တွင် အစည်းအဝေးလုပ်ရန် လူမစုပေးသည့် ရာအိမ်မှူးတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးမှူးတို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...