Friday, April 26, 2024

ဖမ်းဆီးရမိ

မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သွားလမ်းတွင် ဘိန်းဖြူများဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့သွားလမ်းတွင် ဘိန်းဖြူများကို ဖမ်းဆီး ရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိုင်းရယ်ဘက်မှ မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ  ကြိုတင်သိရှိစောင့်ကြပ်စစ်ဆေးရာ  ဘိန်းဖြူ တန်ဖိုးငွေ ၁.၉ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့ကို ကြိုတင်သတင်းရရှိထားကြောင်းသိရသည်။ မိုင်းရယ်ဘက်မှ...

ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ ကျပ်သိန်း ၆၄၀ စာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင် - ကောင်းခါးအ သွားလမ်းတွင် စောင့်ဆိုင်းစစ်ဆေးစဉ် ဇော်ဒွဲရိန်(ခ) မာဒွဲ ၁၉ နှစ်မောင်းနှင်လာသည့်...

မူဆယ်တွင် ကျပ်သိန်း ၁ ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးချက်မည့်ကုန်ကြမ်းများဖမ်းဆီးရမိ 

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၁ ထောင်ကျော်တန်ဖိုးရှိ ဓာတုဆေးရည်များနှင့် မူးယစ်ဆေး ချက် မည့်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီခန့်က မူဆယ်မြို့ ပန်ခမ်းကျေးရွာ အုပ်စု၊ နောင်ရမ်းကျေးရွာ ရှိ (အသက်...

တာချီလိတ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးချက်တဲများဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါး ချက်တဲများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့့် ပစ္စည်း များ သိမ်းဆည်း ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၃ ရက်နေ့က တာချီလိတ်မြို့နယ် ဟာလဘ ကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာကို တွေ့ရှိပြီး၊ ဝင်ရောက်စစ်ဆေးစဉ်...

တရားမဝင်တရုတ်နိုင်ငံသား တဦး တာချီလိတ်တွင် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်း တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား တဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် ဟိုနားရွာ တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား တဦးကို အောက်တိုဘာ ၅ ရက် ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း တာချီလိတ် မြို့မ...

တောင်ပိုင်း “ဝ” ၁၇၁ စစ်ဒေသတွင် စိတ်ကြွဆေးပြား ၃၀ သိန်းနှင့် သယ်ဆောင်သူများ ထပ်မံ ဖမ်းဆီးရမိ

တောင်ပိုင်း ၀ တပ်ဖွဲ့၏ အမှတ် ၁၇၁ စစ်ဒေသ တွင် မူးယစ်မှောင်ခိုအဖွဲ့နှင့် ၀ တပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက် စိတ်ကြွဆေးပြား သိန်း ၃၀ သယ်ဆောင်လာသည့် မူးယစ်မှောင်ခို သမား ၁ ဦး နှင့် သေဆုံးသည့် အလောင်း ၆ လောင်းအား ...

မယ်ဆိုင်မှ ချင်းမိုင်သို့အသွား အရေးပေါ် လူနာတင်ကားတွင် စိတ်ကြွဆေးပြား ၆ သိန်း နီးပါး ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင်   လူနာတင်ယာဉ် တစီး ပေါ်၌ စိတ်ကြွဆေးပြား ၆သိန်းနီးပါး ဖမ်းဆီးရမိကြောင်း ချင်းမိုင် သတင်းအရ သိရသည်။ အဆိုပါ လူနာတင်ယာဉ်သည် စက်တင်ဘာလ ၃၀ ရက်နေ့က မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့မှ လာသည့် ကားဖြစ်ကြောင်း၊ ထိုအရေးပေါ် လူနာတင်ယာဉ်ပေါ်တွင် အသက်...

မူဆယ်မြို့တွင် ကျပ်သိန်း ၇ ထောင် နီးပါးရှိ ဘိန်းဖြူများဖမ်းမိ၊ တရားခံ လွှတ်မြောက်

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ကျပ်သိန်း ၇ ထောင်နီးပါးတန်ဖိုးရှိ ဘိန်းဖြူ များဖမ်းဆီးရမိပြီး တရားခံမှာထွက်ပြေး လွှတ်မြောက်နေသည်ဟု မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီ က မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဟိုဆောင်စက်လှေဆိပ်တွင်...

လွိုင်လင်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံးစိုက်ရာ လွိုင်လင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၆ ရက် နေ့လည် ၁၁ နာရီက လွိုင်လင်မြို့ မှ တောင်ကြီး သို့ အသွားလမ်းရှိ ဟိုတင့် ကျေးရွာ အနီးတွင် ယာဉ်မောင်း...

သျှမ်း/မြောက် နောင်ချိုတွင် ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ အဝင်တွင် ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ သိရသည်။ ဇူလိုင်လ ၂၈ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်က နောင်ချိုမြို့ အဝင်၊ မူဆယ် မန္တလေးသွား ပြည်ထောင်စု လမ်းမပေါ်တွင်...

Latest news