Thursday, April 25, 2024

လွိုင်လင်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Must read

သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံးစိုက်ရာ လွိုင်လင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။

Photo Credit to CCDAC

သြဂုတ် ၁၆ ရက် နေ့လည် ၁၁ နာရီက လွိုင်လင်မြို့ မှ တောင်ကြီး သို့ အသွားလမ်းရှိ ဟိုတင့် ကျေးရွာ အနီးတွင် ယာဉ်မောင်း အသက် ၄၅ နှစ် အရွယ် စိုင်းအောင်နိုင်နှင့် အသက် ၃၇နှစ် ယာဉ်နောက်လိုက် နော်ဂျာ တို့ မောင်းလာသည် ISUZU ပစ်ကပ်ကားကို မသင်္ကာ သဖြင့် စစ်ဆေးရာ ငွေကျပ် သိန်းပေါင်း ၁၂၅၂၅၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ကို သိမ်းဆည်း ရမိကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ISUZU အမျိုးအစား မော်တော်ယာဉ်ကို အသေးစိတ်စစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ ICE အလေးချိန် ၅၀၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂၅၂၅၀ သိန်း)၊ မြန်မာငွေ ၄ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်း ဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် တွင် ရေးသားထား သည်။

Leave a Comments

- Advertisement -spot_img

Latest article