ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ် ဆုပ်ပိန်း (Sop Peng) ရွာရှိ လမ်းမကြီးပေါ်တွင် ထိုင်းအာဏာပိုင်းများက ချင်းမိုင်နံပါတ်ပြား အဖြူရောင် ပစ်ကပ်ထရပ်ကား ၂ စီးကို ကြားဖြတ်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကား ၂ စီးအတွင်း ချင်းတောင်း (Chiang Dao) ခရိုင်မှ အသက် ၂၄ နှစ်ခန့်အရွယ် လူငယ် ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုကား ၂ စီးအနက် တစ်စီးတွင် ကောက်ရိုးအိတ် ၂၆ အိတ်ဖြင့် ထုပ်ပိုးထားသည့် မက်သာဖက်တမင်း စိတ်ကြွဆေးပြား စုစုပေါင်း ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

စစ်ဆေးချက်များအရ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများသည် ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ်မှ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...