ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။

ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ် တိုးမြှင့်ဝင်ရောက်လာနေသဖြင့် အစိုးရ၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့က ၂၄ နာရီပတ်လုံး ကြားဖြတ်ပိတ်ဆို့သည့် အစီအမံများ အရှိန်မြှင့်နေစဉ်ပင်၊ ၂ ရက်တာကာလအတွင်း စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ မယ်ဆွန်တိုက်နယ်၊ ဘန်လုံအိုကျေးရွာ လမ်းဘေး၌ သံသယဖြစ်ဖွယ် စွန့်ပစ်ထားသည့် သက်တံရောင်စပ် ဆာလာအိတ် ၂ အိတ်နှင့် ပလတ်စတစ်သေတ္တာ ၁ လုံးတို့ကို ဒေသခံအချို့က တွေ့ရှိခဲ့ကြသည်။


အဆိုပါ အိတ်များနှင့် နက်ပြာရောင် သေတ္တာအတွင်းမှ ခန့်မှန်းခြေ ယာဘပြား ၉၉၄,၀၀၀ ကို အတည်ပြုသိမ်းဆည်းရမိခဲ့သည်။

အာဏာပိုင်များက မူးယစ်ဆေးများကို ထိုသို့ လမ်းဘေးတွင် ချခဲ့ခြင်းမှာ မူးယစ်ဆေးအလှဲအလယ်လုပ်သည့် နေရာမှားချမိခြင်း သို့မဟုတ် ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့် လူမရှိဘဲ ပစ္စည်းလာချသွားသည့် (Dead-drop) ပုံစံမျိုး ဖြစ်နိုင်သည်ဟု ယူဆထားကြပြီး မှုခင်းဆေးပညာယူနစ်များက လက်ဗွေနှင့် ဒီအန်အေ (DNA) များကို ခြေရာခံ စစ်ဆေးလျက်ရှိသည်။


အလားတူ ဇွန်လ ၂၁ ရက်တွင်လည်း ချင်းရိုင်ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဒေသန္တရရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ချင်းရိုင်မြို့လယ်ခေါင်ရှိ မီးပွိုင့်တစ်ခုတွင် ရရှိထားသော သတင်းအရ ဘန်ကောက်မြို့မှ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် အဖြူရောင် ဟွန်ဒါ (Honda CR-V) ကားကို ကြားဖြတ်ဝိုင်းရံ ဖမ်းဆီးနိုင်ခဲ့သည်။

ဇွန်လ ၁၇ ရက်တွင် အဆိုပါ SUV ကားဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ၃ ရက်တိုင်တိုင် နောက်ယောင်ခံလိုက်ခဲ့သည်။

ထို့နောက် ဇွန်လ ၁၉ ရက် ည ၁၁:၁၀ နာရီတွင် ချင်းရိုင်ခရိုင်၊ မယ်ယောင်းတိုက်နယ်၌ မူးယစ်ဆေးဝါးများ တင်ဆောင်သည့် ကားသည်မြို့ပြင်ပသို့ ထွက်ခွာရန် မောင်းနှင်လာရာ မီးပွိုင့်တွင် ရဲတပ်ဖွဲ့က ကားကို ပိတ်ဆို့ စီးနင်းခဲ့ပြီး ကားအတွင်း ဆာလာအိတ် ၉ အိတ်အတွင်းမှ ယာဘပြား ၁.၈ သန်း ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကုန်ပို့သမားအဖြစ် ဆောင်ရွက်ခဲ့သည့် ကားမောင်းသူကို ချင်းရိုင်ရဲစခန်းသို့ လွှဲပြောင်းကာ အမှုဖွင့်ထားသည်။

ထိုနည်းတူ ဇွန်လ ၁၉ ရက်တွင် ချင်းမိုင်ခရိုင် မယ်အွန်မြို့နယ်မှ လန်ဖွန်မြို့ဘက်သို့ မူးယစ်ဆေးဝါးအများအပြား သယ်ဆောင်လာသည့် ကားကိုနောက်ယောင်လိုက် စစ်ဆေးကာ ကားမောင်းသူကကားကို စွန့်ပစ်ခဲ့ပြီး ထွက်ပြေးသွားခဲ့သည်။

စွန့်ပစ်ခဲ့သော ကားနောက်ဖုံးအတွင်းမှ အမည်းရောင် ဆာလာအိတ် ၈ အိတ်နှင့်အတူ ယာဘပြား စုစုပေါင်း ၂,၄၀၀,၀၀၀ (၂.၄ သန်း) ကို သိမ်းဆည်းရမိခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့မှ ဒေသခံပြည်သူများအနေဖြင့် မိမိတို့နေရပ် ပတ်ဝန်းကျင်အတွင်း ထူးဆန်းသည့်အပြုအမူများနှင့် သံသယဖြစ်ဖွယ် ပြင်ပသူစိမ်းများတွေ့ရှိပါက သက်ဆိုင်ရာ ရဲစခန်းနှင့် တာဝန်ရှိသူများထံ သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...