မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားချက်များအရ စစ်ဆေးမှုများ တင်းကျပ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူသည်သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပုံးထွန်းရပ်ကွက်တွင် နေထိုင်သူ ဦးထွန်းသိန်းဦး (အသက် ၄၂ နှစ်) ဖြစ်ပြီး မြန်မာလိုင်စင် သုံးဘီးဆိုင်ကယ်ဖြင့် မယ်ဆိုင်ဂိတ်သို့ မောင်းနှင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

၎င်းက ထိုင်းနိုင်ငံအတွင်းသို့ ပလတ်စတစ်ခြင်းအလွတ်များသာ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း၊ ယာဉ်နောက်တွဲပေါ်တွင် အထပ်လိုက်တင်လာသည့် သစ်သီးခြင်းများကို အောက်၌ ပုံစံပြောင်းလဲ၍ မူးယစ်ဆေးဝါးများ သိုဝှက်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထိုဖမ်းဆီးမှုမှ လက်ဖက်စိမ်းအိတ် ၁၀၇ အိတ်ဖြင့် ထုပ်ပိုးထားသည့် စုစုပေါင်းအသားတင်အလေးချိန် ၁၁၁.၈၂ ကီလိုဂရမ်ရှိ ကီတမင်းများနှင့် တစ်ထုတ်လျှင် ဆေးပြား ၁၀,၀၀၀ စီပါဝင်သည့် အထုတ် ၆၀ (စုစုပေါင်း စိတ်ကြွဆေးပြား ခန့်မှန်းခြေ ၆၀၀,၀၀၀ ပြား) တို့ကို သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် မယ်ဆိုင်အကောက်ခွန်ရုံး နှင့် တာဝန်ရှိသူများက သံသယရှိသူအား အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ရှောင်လွှဲ၍ ကုန်ပစ္စည်းတင်သွင်းမှု၊ ခွင့်ပြုချက်မရှိဘဲ အဆင့် ၁ မူးယစ်ဆေးဝါး (မက်သ်အဖက်တမင်း) နှင့် အဆင့် ၂ မူးယစ်ဆေးဝါး (ကီတမင်း) တို့ကို ပြည်တွင်းသို့ မှောင်ခိုတင်သွင်းမှု စသည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံကာ ဥပဒေကြောင်းအရ အရေးယူထားသည်။

ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များမှ ယခု နယ်စပ်ဖြတ်ကျော်မှောင်ခိုကွန်ရက်၏ နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်နိုင်ရန် ကွန်ရက်တိုးချဲ့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

နယ်စပ်ပဋိပက္ခနှင့် လက်နက်မှောင်ခိုမှု တိုက်ဖျက်ရေး ထိုင်း-မြန်မာ စစ်ဘက်ခေါင်းဆောင်များ ဆွေးနွေး

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (HLC) တွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေးနှင့် လက်နက်ခဲယမ်းမှောင်ခို ရောင်းဝယ်မှုများကို အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံစစ်ဘက်ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြသည်။ ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ပထမဆုံး...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...