Monday, January 26, 2026

ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။

ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော် တန်းဖိုးရှိမူးယစ်ဆေးကို NUG စစ်ဒေသက ဖမ်းဆီးလိုက်လို့ NUG PDF တွေကို ရှမ်းမြောက်မှာဖမ်းဆီးခြင်း၊ အနှောက်ယှက်ပေးခြင်း ဆက်တိုက်လုပ်နေ” ဟု (မူရင်းအရေးအသားဖြင့်) စတင် ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်များ ဖြစ်သည့် Ka Ka Han၊ ဟန်ငြိမ်းဦး၊ ရွှေဘ အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ထပ်ဆင့်ဖော်ပြထားပြီး PDF က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။

ဟန်ငြိမ်းဦးချန်နယ်မှ ဖော်ပြခဲ့သော သတင်းအမှားတွင် ကြည်ရှုသူပေါင်း ၁၄,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/1aooF


Ka Ka Han – https://archive.ph/Pi5No


ဟန်ငြိမ်းဦး – https://archive.ph/2YpgW


ရွှေဘ – https://archive.ph/IwCrX

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ ဖော်ပြခဲ့သော ဓာတ်ပုံ အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ အချက်အလက်စစ်ဆေးသူများက Google Reverse Image Search ဖြင့်စစ်ဆေးကြည့်သည့်အခါ ဓာတ်ပုံအဟောင်းကို အသုံးပြုပြီး ဖြန့်ချိနေသည့် သတင်းအမှားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်

စစ်ဆေးတွေ့ရှိချက်အရ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များမှ ဖော်ပြခဲ့သော ဓာတ်ပုံသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်က စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူးမြို့) တပ်ရင်း (၃) မှ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ဓာတ်ပုံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁ နာရီ ၉ မိနစ်အချိန်ခန့်တွင် တမူးမြို့နယ် ခွန်မွန်းနွန် ကျေးရွာအနီးတွင် မန္တလေးမြို့မှ တမူးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေမှုများပြုလုပ် ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော တရားမဝင် စိတ်ကြွ ရူးသွပ်ဆေးပြား (WY) အများအပြားကို ပီနံအိတ်ဖြူ ငါးလုံးဖြင့် သယ်ဆောင်လာခြင်းအား သိမ်းဆည်းရမိခြင်း ဖြစ်သည်။

တမူး တပ်ရင်း (၃) ထုတ်ပြန်ချက် – https://bitly.cx/eYlQ

Google တွင် “စိတ်ကြွမူးယစ်ဆေးဝါးများ တမူး PDF ဖမ်းဆီး” ဆိုသော Keywords ဖြင့် ရှာကြည့်သည့် အခါ၌လည်း တမူးမြို့နယ်၌ WY ဆေးပြားများထည့်ထားသည့် ပီနံအိတ် ၅ လုံး တမူး PDF သိမ်းဆည်းရမိကြောင်း လွတ်လပ်သောသတင်းဌာနများက ဖော်ပြထားသည်။

Zalen – https://bitly.cx/2Zk7
Tachiliek News Agency – https://bitly.cx/MnGM7
DVB- https://bitly.cx/Qtf9j
Mizzima – https://bitly.cx/iXut

သုံးသပ်ချက်

ထိုကြောင့် TNLA စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်းသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိသည်ဆိုသည့် အကြောင်းအရာက မှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သတင်းအမှားဖြန့်ချိသူများက စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် PDF များအကြား အချင်းချင်းအမုန်းပွားစေရန် ရည်ရွက်ချက်ဖြင့် မသက်ဆိုင်သော အကြောင်းအရာများ၊ ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး သတင်းအမှားဖြန့်ချိနေလျက် ရှိသည်။

စာဖတ်သူများအနေဖြင့် သတင်းတု၊သတင်းမှားဖြစ်နေသည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သော သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသည့် သတင်းဌာနများ၊ အဖွဲ့အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag တို့ ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တဲ့လှုပ်ရှားမှုကို AI နဲ့ပြုလုပ်ထားတယ်လို့ စစ်လော်ဘီတွေဝါဒဖြန့်

0
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote လှုပ်ရှားမှုဟာ AI နဲ့ဖန်တီးထားတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။ ဖြန့်ဝေထားတဲ့ လင့်ခ် - https://archive.is/wip/A3wln အချက်အလက်စိစစ်ချက် AI နဲ့ဖန်တီးထားတယ်ဆိုပြီး စစ်လော်ဘီတွေ ဖြန့်ဝေထားတဲ့ပုံကို Google Lens နဲ့ အင်တာနက်မှာပြန်ရှာဖွေကြည့်လိုက်တဲ့အခါမှာတော့ Khit...