ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး TNLA ၏မူးယစ်းဆေးဝါးတွေကို PDF ကဖမ်းဆီးရမိဟု သတင်းအမှားဖြန့်

ဓာတ်ပုံဟောင်းကို အသုံးပြုပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်း ငါးသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။

ဆိုင်းလိတ် (နာမည်) ဆိုသည့် လူမှုကွန်ရက်အကောင့်တစ်ခုမှ “TNLA တာဟိုပလန်ရဲ့ သိန်းပေါင်းငါးသောင်းကျော် တန်းဖိုးရှိမူးယစ်ဆေးကို NUG စစ်ဒေသက ဖမ်းဆီးလိုက်လို့ NUG PDF တွေကို ရှမ်းမြောက်မှာဖမ်းဆီးခြင်း၊ အနှောက်ယှက်ပေးခြင်း ဆက်တိုက်လုပ်နေ” ဟု (မူရင်းအရေးအသားဖြင့်) စတင် ရေးသားဖြန့်ချိခဲ့သည်။

ထိုသတင်းအမှားကို စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်များ ဖြစ်သည့် Ka Ka Han၊ ဟန်ငြိမ်းဦး၊ ရွှေဘ အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ထပ်ဆင့်ဖော်ပြထားပြီး PDF က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။

ဟန်ငြိမ်းဦးချန်နယ်မှ ဖော်ပြခဲ့သော သတင်းအမှားတွင် ကြည်ရှုသူပေါင်း ၁၄,၀၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/1aooF


Ka Ka Han – https://archive.ph/Pi5No


ဟန်ငြိမ်းဦး – https://archive.ph/2YpgW


ရွှေဘ – https://archive.ph/IwCrX

စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ ဖော်ပြခဲ့သော ဓာတ်ပုံ အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် MPA တို့၏ အချက်အလက်စစ်ဆေးသူများက Google Reverse Image Search ဖြင့်စစ်ဆေးကြည့်သည့်အခါ ဓာတ်ပုံအဟောင်းကို အသုံးပြုပြီး ဖြန့်ချိနေသည့် သတင်းအမှားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

စစ်ဆေးတွေ့ရှိချက်

စစ်ဆေးတွေ့ရှိချက်အရ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များမှ ဖော်ပြခဲ့သော ဓာတ်ပုံသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်က စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူးမြို့) တပ်ရင်း (၃) မှ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့် ဓာတ်ပုံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ နေ့လယ် ၁ နာရီ ၉ မိနစ်အချိန်ခန့်တွင် တမူးမြို့နယ် ခွန်မွန်းနွန် ကျေးရွာအနီးတွင် မန္တလေးမြို့မှ တမူးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေမှုများပြုလုပ် ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော တရားမဝင် စိတ်ကြွ ရူးသွပ်ဆေးပြား (WY) အများအပြားကို ပီနံအိတ်ဖြူ ငါးလုံးဖြင့် သယ်ဆောင်လာခြင်းအား သိမ်းဆည်းရမိခြင်း ဖြစ်သည်။

တမူး တပ်ရင်း (၃) ထုတ်ပြန်ချက် – https://bitly.cx/eYlQ

Google တွင် “စိတ်ကြွမူးယစ်ဆေးဝါးများ တမူး PDF ဖမ်းဆီး” ဆိုသော Keywords ဖြင့် ရှာကြည့်သည့် အခါ၌လည်း တမူးမြို့နယ်၌ WY ဆေးပြားများထည့်ထားသည့် ပီနံအိတ် ၅ လုံး တမူး PDF သိမ်းဆည်းရမိကြောင်း လွတ်လပ်သောသတင်းဌာနများက ဖော်ပြထားသည်။

Zalen – https://bitly.cx/2Zk7
Tachiliek News Agency – https://bitly.cx/MnGM7
DVB- https://bitly.cx/Qtf9j
Mizzima – https://bitly.cx/iXut

သုံးသပ်ချက်

ထိုကြောင့် TNLA စစ်ဦးစီးချုပ် ဒုဗိုလ်မှူးကြီး တာဟိုပလန်၏ သိန်းပေါင်းသောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပြည်သူ့ကာကွယ်ရေးတပ် PDF က ဖမ်းဆီးရမိသည်ဆိုသည့် အကြောင်းအရာက မှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သတင်းအမှားဖြန့်ချိသူများက စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် PDF များအကြား အချင်းချင်းအမုန်းပွားစေရန် ရည်ရွက်ချက်ဖြင့် မသက်ဆိုင်သော အကြောင်းအရာများ၊ ဓာတ်ပုံဟောင်းများကို အသုံးပြုပြီး သတင်းအမှားဖြန့်ချိနေလျက် ရှိသည်။

စာဖတ်သူများအနေဖြင့် သတင်းတု၊သတင်းမှားဖြစ်နေသည်ဟု သံသယရှိသည် ဖြစ်စေ၊ မှန်ကန်သော သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုသည်ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသည့် သတင်းဌာနများ၊ အဖွဲ့အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

သျှမ်းသံတော်ဆင့်၊ MPA၊ The Red Flag တို့ ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...