UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။

‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊ အနံအရသာဆေးဝါး (၆၅) ပုလင်းတို့ ပါဝင်ပြီး ၎င်းတို့ကို မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ထိန်းချုပ် မုန်အားဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ ယမန်နေ့ (ဇွန်လ ၈ ရက်) တွင် လွှဲပြောင်းပေးခဲ့ကြောင်း ‘ဝ’ဘက်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် နိုင်ငံရပ်ခြားတွင် ထုတ်လုပ်ပြီး မူးယစ်မှောင်ခိုဂိုဏ်းများသည် ‘ဝ’ဒေသမှတဆင့် တရုတ်နိုင်ငံသို့ မူးယစ်ဆေးဝါး အမြောက်အများ ခိုးသွင်းရန် ကြိုးပမ်းခဲ့ကြောင်း တရုတ်နိုင်ငံမှ ထောက်လှမ်းရေးသတင်း ရရှိပြီးနောက် UWSA ၏ တရားစီရင်ရေးကော်မတီမှ စုံစမ်းစစ်ဆေးမှု အမြန်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

‘ဝ’တပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အကြား မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ခြင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကို ပူးပေါင်းတိုက်ဖျက်ခဲ့ကြပြီး နယ်စပ်ဒေသရှိ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၏ အဓိကဆုံမှတ်များကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် မူးယစ်ဆေးဝါးများကို မည်သည့်နေရာတွင် ဖမ်းဆီးရမိကြောင်း ဖော်ပြထားခြင်း မရှိဘဲ မူးယစ်မှောင်ခိုဂိုဏ်းများကို ဖမ်းဆီးရမိခြင်း ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

ထို့အပြင် ‘ဝ’ဒေသအား မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းအဖြစ် အသုံးပြုရန် ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ကြေညာပြီး နယ်စပ်ထိန်းချုပ်ရေး၊ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု UWSA က ပြောသည်။

အခြားတစ်ဘက်တွင် မေလ ၂၇ ရက်က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအမံများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ၌ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မှ လက်ရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သူ အများစုသည် ‘ဝ’တပ်ဖွဲ့ UWSA လက်အောက်တွင် လုပ်ငန်းလည်ပတ်နေကြောင်း ပြောကြားခဲ့သည်။

UWSA ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မုန်အားနယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ – WSTV)

ယခင်က ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သော မူးယစ်ဂိုဏ်းများမှ အဓိက အရောင်းကိုယ်စားလှယ် အများအပြားသည် ‘ဝ’တပ်ဖွဲ့အောက်သို့ ခိုလှုံရောက်ရှိသွားပြီး လုပ်ငန်းဆက်လက် လည်ပတ်လျက်ရှိကာ ထိုင်းနိုင်ငံအတွင်း အနည်းငယ်မျှသာ ကျန်ရှိတော့ကြောင်း သက်ဆင်က ဆက်ပြောသည်။

ထို့အပြင် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကောင်စီဘက်မှ မဖြေရှင်းနိုင်ပါက ထိုင်းအစိုးရကိုယ်တိုင် ဖြေရှင်းရန် တောင်းဆိုမည်ဟုလည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မှ တိုက်တွန်းတောင်းဆိုခဲ့သည်။

ထိုစဉ်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ပြောဆိုချက်နှင့် ပတ်သက်၍ အချိန်ကိုက် နိုင်ငံရေးလှည့်ကစားကွက် တစ်ခုဖြစ်ပြီး အခြေအမြစ်မရှိ စွပ်စွဲချက်သာ ဖြစ်ကြောင်း၊ ‘ဝ’တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ၂၀၀၅ ခုနှစ်၌ မူးယစ်စိုက်ပျိုးမှု ကင်းစင်နယ်မြေအဖြစ် ကမ္ဘာအား ကြေညာခဲ့ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက လူမှုကွန်ယက်ပေါ်တွင် ပြန်လည်တုံ့ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...

သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

0
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ်...

မိုင်းဆတ် UWSA ပိုင် ကျောက်မီးသွေးစက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်၊ ဒေသခံများ ကျန်းမာရေးထိခိုက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက်ရှိ ဝမ်ဟုန် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသစ်ကြောင့် နမ့်ခုတ်မြစ်ရေ ညစ်ညမ်းမှု ပိုမိုဆိုးရွားလာပြီး ဒေသခံများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအပေါ် ခြိမ်းခြောက်ခံနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (မတ်လ ၂၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်...

UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...

တန့်ယန်းမြို့နယ်တွင် UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု လွိုင်လောဝ်တောင်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး သလင်းကျောက် တူးဖော်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ တန့်ယန်းမြို့နယ် လွိုင်လောဝ်(လွႆလၢဝ်)တောင်မှ ထွက်ရှိသော သလင်းကျောက်များကို ‘ဝ’တပ်ဖွဲ့ UWSA နှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းတူးဖော်နေပြီး ပန်ညောင်ကျေးရွာအုပ်စုနှင့် မိုင်းကျိုင်ကျေးရွာအုပ်စု အစပ်ရှိ...