သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများကို တစ်ပတ်ကျော်ကြာ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသည်။

စစ်ကော်မရှင်ဘက်မှ သီပေါနှင့် မိုင်းရယ်မြို့နယ် အစပ်တွင် ဇန်နဝါရီလ (၉) ရက်၌ လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ (၄) ခုထက်မနည်း တွေ့ရှိခဲ့ပြီး အက်စစ်ပုံးများ၊ ဂတ်စ်အိုးများ၊ ဓာတုဆေးရည်များ ထည့်ထားသည့် ပေပါပုံးများ၊ ဖန်ပေါင်းအိုးများ စသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကို ဝိသမ လောဘသားများမှ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ချက်လုပ်ခြင်း၊ အွန်လိမ်းငွေလိမ် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်လာကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားခံ မပေါ်သေးပေ။

“အဲ့လောက် အကြီးကြီး ရှိတာကို စကစ အခုမှ သိတာတော့ မဖြစ်နိုင်ဘူးလေ။ ဘယ်လိုဖြစ်လာမှာလဲ မသိဘူး၊ စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ။ ပြီးတော့ မပြီးလောက်ဘူး၊ တရားခံ တစ်ယောက်ယောက်ရမှ ဖြစ်မယ့်ပုံပဲ” ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်) တွင် မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများ ရှိနိုင်သေးသဖြင့် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

“စစ်ရေးတင်းမာတာက တအားကြီးတော့ မဟုတ်ဘူး၊ စစ်တပ်နဲ့ သျှမ်းတပ်က မြေပြင်မှာ အချင်းချင်း နီးတော့ စစ်ပြင်ထားတဲ့ ပုံစံပါပဲ။ အကြီးအကျယ် စစ်ထဖြစ်တဲ့ထိတော့ မဖြစ်လောက်သေးဘူး။ လာကြည့်တဲ့ချိန်မှာလည်း ဘယ်သူ လုပ်တယ်ဆိုတာ ပြောမသွားတာကတော့ နည်းနည်းတော့ ထူးခြားတယ်” ဟု သီပေါမြို့နယ်မှ အဆိုပါ အမျိုးသားက ဆက်ပြောသည်။

သီပေါနှင့် မိုင်းရယ်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေတွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာများသည် တရုတ်နိုင်ငံ၏ သတင်းဖလှယ်မှု အပြည့်အဝ ပါရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်တွင် အဆိုပါ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများသို့ စစ်ကော်မရှင်ဘက်မှ နိုင်ငံတကာ သံတမန်များ၊ စစ်သံမှူးများ၊ တရုတ်နှင့် ထိုင်းနိုင်ငံမှ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်များ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တာဝန်ရှိသူများကို ရဟတ်ယာဉ်ဖြင့် ခေါ်ယူပြသခဲ့သည်။

ထို့နောက် ပြင်ဦးလွင်မြို့ရှိ အနီးစခန်း လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ပမာဏအများဆုံး သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်၍ အဓိက ပါဝင်ပတ်သက်နေသည့် မည်သည့်အဖွဲ့အစည်းမဆို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ဆက်ပြောသည်။

လက်နက်ကိုင်အဖွဲ့များမှ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ယူ ပို့ဆောင်ခြင်းကို ဝင်ငွေရလမ်း ကြောင်းအဖြစ် အဓိက လုပ်ဆောင်နေပြီး ပင်လယ်ဘက် ထွက်ပေါက်လမ်းကြောင်းကို AA ၊ ထိုင်းနိုင်ငံဘက်ကို KNU၊ KNLA၊ PDF အဖွဲ့များနှင့် အိန္ဒိယနိုင်ငံဘက်ကို PDF ၊ CNF အဖွဲ့က အသီးသီး လုပ်ဆောင်နေကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက စွပ်စွဲပြောကြားသည်။

သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာ (၃) ခုသည် ပင်ရင်းနေရာများဖြစ်ကြောင်း၊ စုစုပေါင်းတန်ဖိုး (၁၆၂၀) ဘီလီယံကျပ် တန်ဖိုးရှိပြီး ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းကျော်ရှိကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...