မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။

ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မှ လက်ရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သူ အများစုသည် ‘ဝ’တပ်ဖွဲ့ UWSA လက်အောက်တွင် လုပ်ငန်းလည်ပတ်နေကြောင်း ပြောကြားခဲ့သည်။

“မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ အရင်းအမြစ်တွေကို အရေးတကြီး ဖြေရှင်းဖို့လိုတယ်။ ‘ဝ’တပ်ဖွဲ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ မကြာမီ အချိန်အတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရဦးမယ်။ ကျနော်တို့ရဲ့ ရန်သူကို သနားညှာတာခြင်း မလုပ်သင့်ဘူး”ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းမီဒီယာသို့ ပြောဆိုသည်။

ယခင်က ထိုင်းနိုင်ငံတွင် အခြေစိုက်ခဲ့သော မူးယစ်ဂိုဏ်းများမှ အဓိက အရောင်းကိုယ်စားလှယ် အများအပြားသည် ‘ဝ’တပ်ဖွဲ့အောက်သို့ ခိုလှုံရောက်ရှိသွားပြီး လုပ်ငန်းဆက်လက် လည်ပတ်လျက်ရှိကာ အနည်းငယ်မျှသာ ထိုင်းနိုင်ငံအတွင်း ကျန်ရှိတော့ကြောင်း သက်ဆင်က ဆက်ပြောသည်။

လက်ရှိ ၂၀၂၅ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးအကြံပေးပုဂ္ဂိုလ် အဖြစ် တာဝန်ယူထားသည့် သက်ဆင်သည် မူးယစ်ဆေးဝါး အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာနှင့် လာအိုနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေးက တွန်းအား တစုံတရာအဖြစ် ကူညီနိုင်လိမ့်မည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသည့် လမ်းကြောင်းများမှာ မဲခေါင်မြစ်ကြောင်း တလျှောက်အပြင် အခြားသော နည်းလမ်းအမျိုးမျိုးဖြင့် သွယ်ဝှိုက်၍ သယ်ဆောင်နေခြင်းကြောင့် သက်ဆိုင်ရာ အာဏာပိုင်များမှ စစ်ဆေးရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် သက်ဆင်က တိုက်တွန်းသည်။

၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ထိုင်းအာဏာပိုင်များမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခြင်း ပိုမိုများပြားလာခဲ့သည့်အပြင် မူးယစ်ဂိုဏ်းများနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ (၆) ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့စဉ် နယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဘက် ထိစပ်နေသည့် နယ်နိမိတ်မျဉ်းပေါ်ရှိ UWSA တပ်စခန်း (၉) နေရာကို တပ်ဆုတ်ခွာပေးရန် ထိုင်းစစ်တပ်မှ ပြောဆိုခဲ့ပြီး နှစ်ဘက်စစ်ရေးတင်းမာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...