Saturday, September 30, 2023

မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သွားလမ်းတွင် ဘိန်းဖြူများဖမ်းဆီးရမိ

Must read

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့သွားလမ်းတွင် ဘိန်းဖြူများကို ဖမ်းဆီး ရမိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိုင်းရယ်ဘက်မှ မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ  ကြိုတင်သိရှိစောင့်ကြပ်စစ်ဆေးရာ  ဘိန်းဖြူ တန်ဖိုးငွေ ၁.၉ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့ကို ကြိုတင်သတင်းရရှိထားကြောင်းသိရသည်။

မိုင်းရယ်ဘက်မှ မိုးကုတ်မြို့ဘက်သို့ ISUZU ၆ ဘီးယာဉ်ကို မောင်းလာသော ဆန်းကျော်ဦး (၄၆) နှစ် ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် သိုဝှက် ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ ၂၇.၃၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ဖမ်းမိရာတွင် ဆန်းကျော်ဦးကို စစ်ဆေးရာ မိုင်းရယ် မှ မိုးကုတ် သို့ တာဝန်ခံသယ်ဆောင်လာသော ဆန်းမင်းနိုင် ၂၆ နှစ် မောင်းနှင်လာသည့် AD VANယာဉ်အမျိုးအစားတွင် စိုင်းမင်းသူ (၃၁)နှစ် ပါဝင်လိုက်ပါလာပြီး အရှေ့သို့မောင်းနှင်သွားကြောင်းသိရသည်။

ထို ရှေ့တွင်မောင်းနှင်သွားသည့်ကားကို ဆက်လက်စစ်ရာတွင် ညနေ ၆ နာရီခန့်တွင် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန်ရှေ့တွင် ဖမ်းဆီးရမိကြောင်းသိရသည်။

စိုင်းမင်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ဇွန်လ ၁၃ ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂၀၀၀ ပြားနှင့် ဘိန်းဖြူ ၀.၂ ကီလို ဖမ်းဆီးရမိသူတစ်ဦးဖြစ်ပြီး ကွင်းဆက်တရားခံတစ်ဦးဖြစ်ကြောင်းသိရသည်။

အဆိုပါ စိုင်းမင်းသူ (၃၁)၊ ဆန်းမင်းနိုင် (၂၆) ၊ ဆန်းကျော်ဦး (၄၆) နှစ် တို့ကို စိတ်ကြွဆေးဝါးဆိုင်ရာ ဥပဒေနှင့် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article