Thursday, April 25, 2024

မူးယစ်ဆေး၀ါး

နမ့်စန်မြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးငွေ ကျပ် သိန်း ၆ ရာဖိုးဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၇ နေ့လည် ၁နာရီအချိန်တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ကောင်းဟောင်းကျေးရွာနေ စံဒေဝါ ၃၅ နှစ်၏ နေအိမ်ကို ခိုလမ်နယ်မြေရဲ  တပ်ဖွဲ့ဝင်များမှ  ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး များကိုဖမ်းဆီး တွေ့ရှိရကြောင်းသိရသည်။ အိမ်ရှင်စံဒေဝါ  အိမ်တွင်ရှိနေပြီး ၎င်း အိပ်ခန်းတွင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀...

တာချီလိတ်မြို့နယ်တွင် အိုက်စ်မူးယစ်ဆေး ကျပ် ၁ ဘီလီယံ စာဖမ်းမိ

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။   ဒီဇင်ဘာ ၁၆ ရက် က   တာချီလိတ်မြို့နယ်၊ လွယ်ဆထုံကျေးရွာ၊ လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် မူးယစ်ဆေး၀ါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က စောင့်ကြပ်စစ်ဆေးရာ မော်တော်ယာဉ် ၂ စီးထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။ ယန်းခေါင်းကျေးရွာ မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဝေ မောင်းနှင်လာသည့်...

မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သွားလမ်းတွင် ဘိန်းဖြူများဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့သွားလမ်းတွင် ဘိန်းဖြူများကို ဖမ်းဆီး ရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိုင်းရယ်ဘက်မှ မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ  ကြိုတင်သိရှိစောင့်ကြပ်စစ်ဆေးရာ  ဘိန်းဖြူ တန်ဖိုးငွေ ၁.၉ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့ကို ကြိုတင်သတင်းရရှိထားကြောင်းသိရသည်။ မိုင်းရယ်ဘက်မှ...

ကွတ်ခိုင်မြို့နယ်တွင် ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးငွေ ကျပ်သိန်း ၆၄၀ စာ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် ယမန်နေ့မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင် - ကောင်းခါးအ သွားလမ်းတွင် စောင့်ဆိုင်းစစ်ဆေးစဉ် ဇော်ဒွဲရိန်(ခ) မာဒွဲ ၁၉ နှစ်မောင်းနှင်လာသည့်...

အရပ်သားများအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးငွေကြေးတောင်းခံမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး...

နောင်ချိုမြို့တိုးဂိတ်အနီးတွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်းသောင်းနှင့်ချီသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နံနက် ၁ နာရီအချိန်  အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုဝင်များ၊ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များ၊ နောင်ချိုမြို့နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တိုးဂိတ်အနီး စောင့်ဆိုင်းစဉ် သီပေါဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် Toyata...

Latest news