အရပ်သားများအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးငွေကြေးတောင်းခံမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က လက်ရှိ (TNLA) မှ ဖမ်းဆီးထားသော သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နှင့် အဓမ္မငွေကြေး တောင်းခံနေမှုအား ရပ်တန့်ရန် တောင်းဆိုထားပြီး မိုးကုတ်မြို့ရှိ ရဟန်းရှင်လူ၊ လူတန်းစား အလွှာအသီးသီး နှင့် ဘာသာရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများက ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချလိုက်သည်ဟု ထုတ်ပြန်ကြေညာထားသည်။

“အဓိက ရည်ရွယ်ချက်ကတော့ မိုးကုတ်သူ မိုးကုတ်သားတွေက သူတို့ခံစားနေရတဲ့ဟာတွေက ဥပဒေဘောင်မဲ့ဖြစ်ပြီးတော့ လာရောက်ပြီးတော့ အချိန်မရွေး မိုးကုတ်မြို့ထဲဝင်ပြီးတော့ ဆက်ကြေးတောင်း၊ ရိုက်နှက်တာတွေ သူတို့လည်း မခံနိုင်တော့ဘူးလေ။ ဥပဒေဘောင်မဲ့ ဖြစ်လာတော့ ကျနော်တို့ လူ့အခွင့်အရေး တရားမျှတရေးကို အကူညီတောင်းလာခဲ့တယ်။ ကျနော်တို့ကနေ ဦးစီးပြီးတော့ ရပ်မိရပ်ဖ မိုးကုတ်သူ မိုးကုတ်သားတွေရဲ့ ဆန္ဒကို ထုတ်ဖော်ပြီးတော့ ကန့်ကွက်ရှုတ်ချပေးတာပေါ့နော်။” မန္တလေးတိုင်းဒေသကြီး လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ တာဝန်ခံ ဦးတင်ထွန်းနိုင် (ခ) ဦးနိုင်မိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်နက်မဲ့ အရပ်သားများကို TNLA အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်ကာ အနိုင်ကျင့်နေသည့် လုပ်ရပ်များအား နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်၊တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပါအဝင် နိုင်ငံအသီးသီးက သိရှိစေရန် အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလို ထုတ်ပြန်ရင်တော့ ထိရောက်မှုတော့ ရှိရမှာပေါ့။ တခါတည်း ပတ်သက်တဲ့ ဒီအထက်ကဆိုင်ရာ နိုင်ငံတော် သမ္မတထိ တပ် ဆိုရင်လည်း ကာချုပ်၊ နယ်လုံ အကုန်လုံး ပို့မယ်။ ထိရောက်မှုတော့ ရှိလာမှာပေါ့။” ဟု ဦးတင်ထွန်းနိုင် (ခ) ဦးနိုင်မိုး က ပြောသည်။

ဒီဇင်ဘာ (၄) ရက်နေ့က မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်မှ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအား (TNLA) မှ အဓမ္မ ဖမ်းဆီးသွားမှု ၊ အောက်တိုဘာ (၁၇) ရက်က ဒေါ်ခင်ဌေးမြင့် ကို (TNLA) မှ နေအိမ်အတွင်း ဝင်ရောက် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ ၁၀ ရက်အကြာ ထိန်းသိမ်းရိုက်နှက်ပြီး ငွေကျပ်သိန်း (၃၄၀) ဖြင့် ပြန်လည် ရွေးယူခဲ့ရမှု၊ မိုးကုတ်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ၊တစ်နိုင်တစ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသူများ၊ စျေးဆိုင်ခန်းများ၊ ကုန်စုံဆိုင်များ (TNLA) က နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ငွေကြေး အမြောက်အများ တောင်းခံနေသဖြင့် ပြည်သူများ စိုးရိမ်သောက ရင်ဆိုင်နေရသည်ဟု ဖော်ပြထားသည်။

၄င်းနှင့်ပတ်သက်ပြီး TNLA ၏ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူမိုင်းအိုက်ကျော်က – “မီဒီယာသတင်းတွေလည်း ပြောပြီးသားဖြစ်တယ်။ ဖမ်းဆီးထားတာ မှန်တယ်။သူ့ရဲ့ လုံခြုံရေး ကျန်းမာရေးက ဘာမှ စိုးရိမ်စရာမရှိဘူး။ လောလောဆယ်တော့ ကျနော်တို့ ဒီလောက်ပဲ ပြောနိုင်သေးတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ မိုးကုတ်မြို့တွင် လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်တော် (SSPP/SSA) သည်လည်း မိုးကုတ်မြို့တွင်းရှိ ဒေသခံ ၁၆ ဦး မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားသည်ဟု ဒေသခံများကပြောဆိုသည်။

SSPP/SSA အနေဖြင့်လည်း မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများအားဖမ်းဆီးကာ စာရိတ္တပြန်လည်ပြုပြင်ပေးကြောင်း တရားဝင်ကြေငြာထားပြီး အလားတူ ယမန်နေ့ကလည်း တန့်ယန်းမြို့နယ်အတွင်းရှိမူးယစ်ဆေး သုံးစွဲရောင်းဝယ်သူ လူငယ်များအားဖမ်းဆီးခဲ့ကြောင်း ၄င်းတို့၏ SSPP Info သတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

.

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...