သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၁၆ ရက် က တာချီလိတ်မြို့နယ်၊ လွယ်ဆထုံကျေးရွာ၊ လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် မူးယစ်ဆေး၀ါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က စောင့်ကြပ်စစ်ဆေးရာ မော်တော်ယာဉ် ၂ စီးထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။
ယန်းခေါင်းကျေးရွာ မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဝေ မောင်းနှင်လာသည့် Toyata Hilux Revo Double Cab နှင့် လီကောင်း(ခ) အားချာ၊ အားဂျွေ့ တို့မောင်းလာသည့် Toyata Hilux Vigo Double Cab ၂ စီးအားတားဆီးစစ်ဆေးရာ အိုက်စ် ၅၀ ကီလိုဂရမ်အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ကားသမား အားဝေ (၂၃) နှစ်၊ အားဂျွေ့ (၁၆) နှစ်တို့ကိုဖမ်းဆီးရမိပြီး လီကောင်း(ခ) အားချာမှာမူ ရပ်တန့်စစ်ဆေးစဉ် ကားပေါ်မှ ခုန်ချထွက်ပြေး လွတ်မြောက်သွားကြောင်းသိရသည်။
အဆိုပါ ၎င်း (၃) ဦးတို့ကို မူးယစ်ဆေး၀ါးနှင့် စိတ်ကြွရူးသွပ်ဆေးဝါးဆိုင်ရာ ဥပဒေများဖြင့် အရေးယူထားပြီး အိုက်စ် များကို ကျိုင်းတုံမှ တာချီလိတ်သို့ သယ်ဆောင်သွားပြီဖြစ်ကြောင်းသိရသည်။