Wednesday, January 28, 2026

နမ့်စန်မြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုးငွေ ကျပ် သိန်း ၆ ရာဖိုးဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၇ နေ့လည် ၁နာရီအချိန်တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ကောင်းဟောင်းကျေးရွာနေ စံဒေဝါ ၃၅ နှစ်၏ နေအိမ်ကို ခိုလမ်နယ်မြေရဲ  တပ်ဖွဲ့ဝင်များမှ  ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး များကိုဖမ်းဆီး တွေ့ရှိရကြောင်းသိရသည်။

အိမ်ရှင်စံဒေဝါ  အိမ်တွင်ရှိနေပြီး ၎င်း အိပ်ခန်းတွင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃.၅ သိန်း) နှင့် နေအိမ်အောက်တွင် အိုက်စ်မူးယစ်ဆေး အလေးချိန် ၂.၃ ကီလို( ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၆၀သိန်း) တို့ကို တွေ့ရှိဖမ်းဆီမိခဲ့သည်။

စံဒေဝါကို ခိုလမ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှူဖွင့် အရေးယူပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေး လျှက်ရှိကြောင်းသိရသည်။

သျှမ်းပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက်နေ့ထိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမှုပေါင်း ၂၁ ခုရှိပြီး ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...

ရန်ဖြစ်ရာမှ သေဆုံးသွားရသည့် နမ့်စန် ကျောင်းသားအတွက် ကျောင်းမှ ငွေကြေး ၁၁ သိန်းထောက်ပံ့

0
သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့  အမှတ်(၁) အထက်တန်းကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံးသွားသည့် ကျောင်းသား မောင်အောင်မော်ဟိန်းအတွက် ကျောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ငွေကြေး ၁၁ သိန်းခွဲကျော် ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းသိရသည်။  ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ်(၁) အထက်တန်းကျောင်းမှ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွား ပြီး...

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

0
သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။ ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်)...

နမ့်စန် စကစ တပ် SSSG – PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေ ပြည်သူ့စစ် မသိရှိ

0
နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG – PDF မှဝင်ရောက်တိုက်ခိုက်သည့် သတင်း နှင့် ပက်သက်ပြီး နမ့်စန် အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်း မရှိကြောင်း ၊ သေနတ်သံများလည်း မကြားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ် ၁၅) ရက်တွင်...