Wednesday, January 28, 2026

ရန်ဖြစ်ရာမှ သေဆုံးသွားရသည့် နမ့်စန် ကျောင်းသားအတွက် ကျောင်းမှ ငွေကြေး ၁၁ သိန်းထောက်ပံ့

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့  အမှတ်(၁) အထက်တန်းကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံးသွားသည့် ကျောင်းသား မောင်အောင်မော်ဟိန်းအတွက် ကျောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ငွေကြေး ၁၁ သိန်းခွဲကျော် ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းသိရသည်။ 

သေဆုံးသွားသည့် ကျောင်းသားရဲ့ပုံ

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ်(၁) အထက်တန်းကျောင်းမှ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွား ပြီး မောင်အောင်မော်ဟိန်း သည် ရရှိသည့် ဒဏ်ရာဖြင့် နိုဝင်ဘာလ ၅ ရက် နံနက် ၂ နာရီဝန်းကျင်၌သေဆုံး သွားခဲ့ရသည့်အတွက် ကျောင်းမှ ငွေကြေး ၁၁ သိန်းခွဲကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း နမ့်စန် အထက်တန်းကျောင်းမှ ဆရာမများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ 

“ကျောင်းအုပ်ကြီး အပါအဝင် ဆရာ/ဆရာမတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေ စုပေါင်းပြီးတော့ မောင်အောင်မော်ဟိန်း အတွက် ကူညီထောက်ပံ့ပေးငွေ ၁၁ သိန်းခွဲကျော်ကို သူ့အမေလက်ထဲ အပ်လိုက်ပါပြီ၊ မောင်လူမင်းထက် မိသားစုက ကူညီတဲ့ ပိုက်ဆံ ၁ သိန်းကိုတော့ မိခင်က လက်မခံဘူးဆိုလို့ အဲ့ပိုက်ဆံက ဆရာမ လက်ထဲမှာပဲ ရှိသေးတယ်” ဟု အထက နမ့်စန် အထကမှ ဆရာမ ဒေါ်ခင်မာဦးက  သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သေစေတဲ့ အထိ ရိုက်နှက်မှု ပြုလုပ်သည့် ကျောင်းသားကို ကလေးသူငယ် ပုဒ်မ ၃၀၂ (က) ဖြင့် နမ့်စန်မြို့ မှ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း သတင်းသိရသည်။ 

ကျောင်းဝန်းအတွင်း ခိုက်ရန်ဖြစ်ပွားရာမှ အသက်သေဆုံးသည်အထိ ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီးကျောင်းအုပ် ဆရာမကြီး မှ စိတ်မကောင်းကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကိုယ့်ကျောင်းသား အချင်းချင်းပဲ ဖြစ်နေကြတယ်ဆိုတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်မကောင်းဘူးပေါ့” ဟု နမ့်စန် အထက ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ခိုက်ရန်ဖြစ်ပွားသည့် နိုဝင်ဘာ ၂ ရက်တွင် မောင်အောင်မော်ဟိန်းမှ ရရှိသည့် ဒဏ်ရာဖြင့် သတိလစ်သည့် အတွက် နမ့်စန်ဆေးရုံမှ တောင်ကြီးဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး ဆရာဝန်များ၏ ညွှန်ကြားချက်အရ ဦးခေါင်းခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် နိုဝင်ဘာ ၃ ရက်တွင် နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ နေပြည်တော်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

မောင်အောင်မော်ဟိန်း၏ ရုပ်အလောင်းကို နမ့်စန်မြို့မှ လူမှုကူညီရေး ပရဟိတအသင်းများ၏ အကူအညီဖြင့် နေပြည်တော်မှ နမ့်စန်မြို့သော် ပြန်လည်သယ်ယူခဲ့ပြီး ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် သင်္ဂြိုဟ်လိုက် ကြောင်း ဆွေမျိုးနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ကလေးကို မနေ့ကတော့ သင်္ဂြိုဟ်လိုက်ပြီ၊ ကျောင်းက သူ့သူငယ်ချင်းနဲ့ ဆရာ/ဆရာမတွေနဲ့ မြို့နယ် ပညာရေး မှူးရုံးကလည်း ရောက်လာကြတယ်၊ သူ့အမေကတော့ ငိုလို့ မဆုံးဘူး၊ ငွေကြေးလည်း မပြည့်စုံတော့ ဆေးဖိုးတွေ စားရိတ်တွေ အားလုံးကလည်း အကြွေးနဲ့ပဲ ယူထားရတယ်၊ ကျောင်းကလာကူညီပေးတာတော့ ကျေးဇူးတင် ပါတယ်၊ လုပ်တဲ့သူကိုတော့ ဥပဒေအရ လုပ်စေချင်ပါတယ်” ဟု ဆွေမျိုးနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နစ်နာသူ မိသားစုဝင်များက အသက်သေဆုံးသည်အထိ ရိုက်နှက်သည့် ကျောင်းသားကို ကျောင်းမှ အရေးယူပေးစေလိုကြောင်း နှင့် ကျူးလွန်သူ ကျောင်းသးမိသားစုများကိုလည်း တာဝန်ယူမှုရှိစေလိုကြောင်း မိသားစုဝင်များက ပြောဆိုနေကြသည်။ 

နမ့်စန်မြို့သည် စစ်တပ်အခြေစိုက် မြို့ဖြစ်သည့်အတွက် စစ်တပ်အသိုင်းအဝိုင်း ဖြစ်သဖြင့် ပြည်သူများက ကြောက်လန့်နေရကြောင်းလည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ...

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

0
သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။ ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်)...

နမ့်စန် စကစ တပ် SSSG – PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေ ပြည်သူ့စစ် မသိရှိ

0
နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG – PDF မှဝင်ရောက်တိုက်ခိုက်သည့် သတင်း နှင့် ပက်သက်ပြီး နမ့်စန် အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်း မရှိကြောင်း ၊ သေနတ်သံများလည်း မကြားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ် ၁၅) ရက်တွင်...

သျှမ်းပြည်တောင်ပိုင်း SSSG- PDF နှင့် အိမ်စောင့်တပ် တိုက်ပွဲ သတင်းအပေါ် PDF စိုးရိမ်

0
သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း  SSSG – PDF နှင့် အိမ်စောင့်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း SSSG-PDF ၏ FB Page တွင်း သတင်းထုတ်မှုအပေါ် စစ်မှန်သည့် လူထု ကာကွယ်ရေးတပ်  PDF အတွက် ထိခိုက်သည်ဟု ပြောပါသည်။ သြဂုတ်လ...