သျှမ်းပြည်တောင်ပိုင်း SSSG- PDF နှင့် အိမ်စောင့်တပ် တိုက်ပွဲ သတင်းအပေါ် PDF စိုးရိမ်

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း  SSSG – PDF နှင့် အိမ်စောင့်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း SSSG-PDF ၏ FB Page တွင်း သတင်းထုတ်မှုအပေါ် စစ်မှန်သည့် လူထု ကာကွယ်ရေးတပ်  PDF အတွက် ထိခိုက်သည်ဟု ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း SSSG- PDF -Facebook Page

သြဂုတ်လ ၉ ရက်နေ့ ညနေပိုင်း ၅ နာရီ ၃၇  မိနစ်အချိန်ခန့်တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန် မြို့   အနီး  အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာသော စစ်ကောင်စီ၏ ဗိုလ်ကြီး တစ်ဉီးနှင့် တပ်သားနှစ်ယောက်ပါသည့် ကားတစ်စီးကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ  ၃ ဉီး စလုံးသေ ဆုံးပြီး စစ်သားကျောပိုးအိတ်နှစ်လုံးနှင့် ၎င်းတို့ ကိုင်ဆောင်လာသည့် သေနတ်များ သိမ်းဆည်းရမိ ကြောင်း SSSG-PDF မှ ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်။

တကယ်ပဲ အလုပ်လုပ်တယ် ၊ အလုပ်ဖြစ်တယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် PDF ကို နာမည်ခံ ပြီး Proxy လုပ်နေတာက အဆင်မပြေဘူး၊ တခြား အလုပ်တကယ်လုပ်တဲ့ PDF တွေ ထိခိုက်မှာ” ဟု သျှမ်း-ကယားနယ်စပ် လှုပ်ရှားသည့် PDF တပ်ဖွဲ့ဝင်တဉီးက ပြောသည်။

SSSG – PDF တပ်ဖွဲ့ကို မည်သူဦးဆောင်တည်ထောင်ခြင်း၊ မည်သည့်လူငယ်များပါဝင်ထားခြင်း  သေချာ မသိရှိရသည့်အပြင် ယခု  လုပ်ရပ်များသည် အမှန်တကယ် လုပ်ဆောင်ချက်များ မဟုတ်ပါက မြေပြင်တွင် တကယ်လှုပ်ရှားနေသည့် တခြား  PDF များအတွက် အခက်အခဲရှိလာကြောင်းလည်းပြောသည်။

သျှမ်းပြည်တောင်ပိုင်းမျိုးဆက်သစ် လူထုကာကွယ်ရေးတပ်- SSSG-PDF  မြေပြင် စစ်ဆင်ရေးမှူး ဆိုသူ  စိုင်းနော်ခမ်း က ခြုံခိုတိုက်ပွဲ အမှန်ဆင်နွဲကြောင်း၊ လုံခြုံရေးအရ နေရာအတိကျ ပြောရန် မဖြစ်နိုင်သေး ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသော်လည်း နမ့်စန်ဒေသခံများက သြဂုတ်လ  ၉ ရက်နေ့ အတွင်း မည့်သည့်တိုက်ပွဲသတင်း နှင့် သေနတ်သံလုံးဝ မကြားရကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့တုန်းကလည်း ကျေးသီးမြို့နယ် မိုင်းနောင်ခွဲအတွင်း PDF နှင့် အာဏာသိမ်းတပ် တို့ကြား တိုက်ပွဲ တစုံတရာမရှိဘဲ မိုင်းနောင်- ဒူယား လမ်းပိုင်းတွင် သျှမ်းပြည်လွတ်မြောက်ရေးပါတီ သျှမ်းပြည် ဖက်ဒရယ်တပ်ဉီး SSLP-SSFF နှင့် အာဏာသိမ်းစစ်တပ် အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားသည်ဆိုသည့် သတင်းထုတ်ပြန်ခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...