နမ့်စန် စကစ တပ် SSSG – PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေ ပြည်သူ့စစ် မသိရှိ

နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG – PDF မှဝင်ရောက်တိုက်ခိုက်သည့် သတင်း နှင့် ပက်သက်ပြီး နမ့်စန် အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်း မရှိကြောင်း ၊ သေနတ်သံများလည်း မကြားရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ( သြဂုတ် ၁၅) ရက်တွင် သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို SSS-G PDF အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား (၁၀) ဦးထက်မနည်း သေဆုံး ခဲ့သည်ဟု Southern Shan State Generations ( SSSG- PDF) အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို ထုတ်ပြန်ချက် နှင့် ပက်သက် ပြီး နမ့်စန်မြို့နယ် အတွင်းလှုပ်ရှားနေသည့် ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင်တစ်ဦးက “ဘာတိုက်ပွဲမှ မရှိပါဘူး၊ ဘာပစ်ခတ်သံမှလည်း မကြားရပါဘူး၊ ကျနော်ကိုယ်တိုင်က မသိရရင်တောင် ကျနော်တို့ ရဲ့ လူတွေက သိရမှာကြားရမှာပဲ၊ အခု မြေပြင်မှာလှုပ်ရှားနေတဲ့ သူတို့စီက ဘာအစီရင်ခံစာမှ မလာတော့ သူတို့လည်းမသိဘူးပေါ့၊ အဲ့ဒီတော့ တိုက်ပွဲလည်း မရှိဘူးဆိုတဲ့ သဘောပဲလေ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်များ တံခါးပိတ် အစည်းအဝေးလုပ်နေစဉ် SSS-G က တိတ်တဆိတ် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း၊ စစ်ကောင်စီတပ်က စစ်ကူများခေါ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ SSS-G အဖွဲ့မှ ၁ ဦး ကျည်ဆံထိမှန်ခဲ့ပြီး မစိုးရိမ်ရ ကြောင်း SSS-G က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အဆိုပါ SSSG – PDf မှ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် ပက်သက်ပြီး နမ့်စန်မြို့ ဒေသခံတစ်ဦးက “အဲ့နေ့က မြို့မှာ ဘာမှမဖြစ်ပါဘူး၊ တိုက်ပွဲသံတွေ ဘာတွေလည်း မကြားမိပါဘူး၊ တကယ် ဖြစ်ရင် အနည်းဆုံးတော့ ပစ်ခတ်သံတွေကြားရမှာပါ၊ တပ်တစ်ခုကို ဝင်တိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ် ဘူး” ဟု ပြောသည်။

နမ့်စန် စစ်ကောင်စီ တပ်စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် အတွက် လွယ်ကူသည့် ကိစ္စ မဟုတ်ကြောင်း၊ လုံခြုံရေး အရရော လက်နက်အင်အားအရပါ မလွယ်ကူကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့တော်င လုပ်ရန် မလွယ်ကူကြောင်း နမ့်စန်လူငယ်တစ်ဦးက သူ့၏ အမြင်ကို ပြောသည်။

“တပ်ထဲကို ဝင်ပြီးတိုက်ခိုက်နိုင်ဖို့က အဆင့်တွေအများရှိတယ်၊ လုံခြုံရေးရယ် လူအင်အားရယ်၊ လက်နက် တွေရယ် အဓိကကတော့ တိုက်နည်းခိုက်နည်းတွေ လိုကိုလိုအပ်တယ်၊ တကယ့် EAOs တွေတောင် လုပ်ဖို့ မလွယ်တဲ့ ကိစ္စကြီးပါ၊ အခုမှာ သူတို့မှာအင်အား ဘယ်လောက်ရှိလို့ တပ်ထဲထိ ဝင်တိုက်နိုင်ရသလဲ၊ ပွင့်လင်း မြင်သာမှုလည်း မရှိပဲနဲ့ သူတို့ကို ဘယ်လိုယုံကြည်ရမလဲ” ဟု ၎င်းလူငယ်က ဆိုသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနယ်နယ် အရပ်ရပ်မှ လူငယ် အများစု ဦးဆောင်ကြပြီး သက်ဆိုင်ရာ နယ်မြေ နယ်နိမိတ်အတွင်း ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့များ ဖွဲ့စည်းကြပြီး စစ်ကောင်စီကို တော်လှန် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ထိုနည်းတူ သျှမ်းပြည် အတွင်းလည်း ပြည်သူ့ကာကွယ်ရေး တပ် များ ဖွဲ့စည်းတည်ရှိနေသော်လည်း လက်ရှိသတင်းထွက်ပေါ်နေသည့် SSSG-PDF တပ်ဖွဲ့သည် တကယ် ရှိ/မရှိ ကို ပြည်သူများက မှတ်ချက်အမျိုးမျိုးရှိနေကြောင်းလည်း သိရသည်။

“အခုသူတို့ လုပ်ရပ်က မှားနေတယ်၊ မှန်နေတယ် လို့တော့ ကျနော် မဝေဖန်လိုဘူး၊ ဒါပေမဲ့ အာဏာရှင်ကို တော်လှန်ဖို့ အာဏာရှင်တွေကို အမြစ်ဖြတ်ဖို့ဆိုပြီး ပြည်သူတွေက PDF တွေအပေါ်မှာ မျှော်လင့်ချက်တွေ ပုံအပ်ထားပါတယ်၊ အဲ့ကြောင့် ပြည်သူတွေကို Hope false မပေးသင့်ဘူး၊ တက်လာတဲ့ သတင်းပုံတွေက လည်း အမှားဆိုတာကို ပြည်သူဖက်ကထောက်ပြနေပြီ၊ သူတို့ဖက် ဖြေရှင်းသင့်တယ်” ဟု နမ့်စန်ဒေသခံ အသက် ၄၀ကျော်အမျိုးသား တစ်ဦးက ပြောသည်။

သျှမ်းပြည်သား များအနေဖြင့် SSS-G PDF စဉ်းစားစရာများဖြစ်နေကြောင်း၊ မည်သည့် အကြောင်းကြောင်း ယခုကဲ့သို့ပြုလုပ်သည်ကို မသိရှိသော်လည်း ပြည်သူ့များမျှော်လင့်နေသည့် ပြည်သူ့ဘက်တော်သား ပြည်သူ့စစ်ကို အထင်မှားအောင်ပြုလုပ်နေကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

SSS-G အဖွဲ ထုတ်ပြန်ချက်ထဲပါဝင်သည့် ပုံတချို့သည် ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ထဲက ဓာတ်ပုံ များဖြစ်နေကြပြီး ဓာတ်ပုံပါဝင်သည့် ကားအမျိုးအစားများကိုလည်း နမ့်စန်မြို့မှ စစ်ကောင်စီများ အသုံးပြုတာ မမြင်ဖူးကြကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်တွင်လည်း နမ့်စန် မြို့ အနီး အမြန်လမ်းမကြီးအတိုင်း မောင်းနှင်လာသော စစ်ကောင်စီ၏ ဗိုလ်ကြီး၏ ကားကို SSSG-PDF မှ ချုံခိုတိုက်ခိုက်ပြီး ဗိုလ်မှူး တစ်ဦး အပါအဝင် တပ်သား (၂)ဦးသေဆုံး ခဲ့ကြောင်း လည်း ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။

နမ့်စန်မြို့ နယ် တွင် ဟိုမိန်းကာကွယ်ရေး ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် MTA ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (SSS ပြည်သူ့ စစ်)ကိုသာ နမ့်စန်ဒေသခံများက သိထားကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...