နမ့်စန်မြို့ ဖမ်းဆီးခံကျားဖြန့်များအတွက် အခမဲ့ ဝေပေးသည့်ထမင်းထုပ်ကို လဝကရုံးဝန်ထမ်းများ ပြန်ရောင်းစား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိန်းသိမ်းခံထားရသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများအတွက် ပြည်သူမှ အခမဲ့ ဝေပေးသည့် ထမင်းထုပ်များကို လူဝင်မှုကြီးကြပ်ရေး လဝကရုံး ဝန်ထမ်းများက ပြန်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်လုပ်ကိုင်သူ (၇၀၀)ကျော်ကို နမ့်စန်မြို့ ရပ်ကွက် (၅) ရှိ အားကစားရုံတွင် ထိန်းသိမ်းထားပြီး၊ ၎င်းတို့ စားသောက်ရန်အတွက် မြို့ပေါ် ရပ်ကွက် (၅) ခုမှ တစ်ရပ်ကွက်လျှင် ထမင်းထုပ် ၁၅၀ ထုပ်စီ လဝကရုံးတွင် သွားပေးထားရသည်။

ပြည်သူများမှ အခမဲ့ ပေးလိုက်သည့် ထမင်းထုပ်များကို လဝကရုံးဝန်ထမ်းများမှ ထမင်းတစ်ထုပ်လျှင် ကျပ်ငွေ နှစ်သောင်းမှ သုံးသောင်းအထိ ‌ဈေးတင်ပြီး ဖမ်းဆီးခံထားရသည့် ၎င်းကျားဖြန့်လုပ်ကိုင်သူများကို ပြန်လည်ရောင်းချကြောင်း နမ့်စန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လဝကရုံးကနေ ဖမ်းထားတဲ့ ကျားဖြန့်အတွက် ထမင်းထုပ်ကို မဖြစ်မနေ ပေးခိုင်းတယ်။ တကယ်တမ်း သူတို့က ကျားဖြန့်တွေကို ပြန်ရောင်းစားကြတာ။ ထမင်းတစ်ထုပ်ဆို ၂ သောင်း ၃သောင်း၊ ရေတစ်ကဒ်ဆို ၂ သောင်း အဲလိုတွေ ပြန်ရောင်းတာ။ သူတို့ဆီကနေ ရွှေတွေ ဖုန်းတွေလည်း အများကြီးရတယ်။ ပိုက်ဆံဆို တစ်ယောက်ကို ၁၀ သိန်းကျော် အနည်းဆုံးရတာပဲ”ဟု ဖြစ်စဉ်သိရှိသူ ၎င်းဒေသခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကျားဖြန့်လုပ်ကိုင်သူများထံမှ သိမ်းဆည်းထားသည့် ဖုန်းနှင့် ကွန်ပျူတာများကိုလည်း မြို့အတွင်း၌ ပြန်လည်ရောင်းချမှု ပြုလုပ်နေကြောင်း အသက် ၂၅ နှစ် အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“လဝက ရုံးက ဒုတိယ ကျားဖြန့်နေရာလို ဖြစ်နေတယ်၊ ပြည်သူတွေကိုလည်း ပေါ်တင်ကြီး လိမ်နေတယ်။ ပြီးတော့ ကျားဖြန့်ဆီက သိမ်းထားတဲ့ ဖုန်းတွေ ကွန်ပျူတာတွေဆို ပြန်ရောင်းနေတာ။ ကျားဖြန့်တွေကို ဘာလို့အကြာကြီး ထားနေလဲ၊ မြန်မြန် ပြန်ပို့ပေးစေချင်ပြီ”ဟု ၎င်းလူငယ် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ တတိယပတ်မှ စတင်ပြီး သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက နမ့်စန်မြို့သို့ ခေါ်ဆောင်လာခြင်းကြောင့် ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် နမ့်စန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်လာသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂၃) ဦးထဲတွင် တရုတ်နိုင်ငံသား အများအပြား ပါဝင်ပြီး စစ်ကောင်စီက ၎င်းတို့၏ နိုင်ငံသို့ ပြန်လွှဲပြောင်းရန် စီစဉ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

ကျေးသီး ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၃ ဦး ထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် စစ်ကောင်စီတပ် စစ်ကြောင်းများက ကျေးသီးမြို့နယ်အတွင်း ရှာဖွေဖော်ထုတ်ရာမှ ကျေးသီးမြို့၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် နှင့်...