Tuesday, January 27, 2026

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။

ဉီးမဟာကြာ SSS ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်

ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်) ခေါင်းဆောင် ဉီးမဟာကြာ နှင့် အဖွဲ့သား ၂၀ နီးပါးခန့်    ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရကြောင်း သတင်းသိရသည်။

“ဟုတ်ပါတယ်၊ ခေါင်းဆောင်ကြီးနဲ့ အဖွဲ့သား ၂၀ ကျော်ခန့်က ကိုဗစ် – ၁၉ ကူးစက်ခံရတယ်လို့ ကျနော် လည်း ကြားမိပါတယ်၊ သိပ်စိုးရိမ်စရာရယ်လို့တော့ မရှိပါဘူး၊ အခုလည်း ရောဂါကုသမှုခံယူရင်း သက်သာပျောက် ကင်းစ ပြုနေပါပြီ”  – ဟု အမည်မဖော်လိုသည့် နမ့်စန် ပြည်သူ့စစ်အရာရှိတဉီးက သျှမ်းသံတော်ဆင့် အား ပြောသည်။

အဆိုပါ SSS ပြည်သူ့စစ်တပ်ဖွဲ့၏ ခေါင်းဆောင်နှင့် အဖွဲ့သားတို့သည် ကျိုင်းတောင်းဖက်မှ ခရီးပြန်လာပြီး သည့် နောက် ကိုဗစ် – ၁၉  စစ်ဆေး တွေ့ရှိရကြောင်းလည်း သိရသည်။

“ဒီသြဂုတ်လဆန်းပိုင်းမှာ ကျိုင်းတောင်းဖက် သွားခဲ့သေးတယ်လေ၊ အဲ့ကနေပဲ ကူးလာတာထင်တယ်၊ ဒီမှာ တချို့က နေမကောင်းဖြစ်ပြီး ဆေးစစ်ကြည့်တော့ ကိုဗစ် – ၁၉ ကူးစက်ခံနေရတယ်ဆိုတာ သိရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဦးမဟာကြာ ဦးဆောင်သော ဟိုမိန်းပြည်သူ့စစ်အဖွဲ့သည် ၁၉၉၆ ခွန်ဆာဉီးဆောင်သော မုံးတိုင်းတပ်မတော် MTA လက်နက်ချစဉ်ပါဝင်ပြီး  ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ်အဖြစ် ပြန်လည်ဖွဲ့စည်းပြီး အာဏာသိမ်းတပ်မတော်၏ ပြည်သူ့စစ်လမ်းစဉ်အောက်တွင်နေထိုင်သည်။ လက်ရှိတွင် ဉီးမဟာကြာက နမ့်စန်မြို့တွင်သာအနေများပြီး သားဖြစ်သူ စိုင်းနုက ဟိုမိန်းပြည်သူ့စစ်တပ်ကို တာဝန်ယူသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...