Tuesday, April 30, 2024

ကူးစက်

တောင်ကြီးလူထုအတွက် အိမ်အထိ ကိုဗစ် အခမဲ့စစ်ဆေးပေးမှုအစီအစဉ်စတင်

စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပျံ့နှံ့လာချိန် တောင်ကြီးဒေသခံ အများစု အိမ်တွင်း ကျိတ်ကုနေသော ကြောင့် ရောဂါထိန်းချုပ်နိုင်ရန် အခမဲ့ ကွင်းဆင်းစစ်ဆေးသည့်အစီအစဉ် စတင်နေကြောင်းသတင်းရရှိသည်။ အိမ်နေကာလ Stay At Home ကြေညာထားသည့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင်  တစ်လအ တွင်းကိုဗစ် ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိလာပြီးနောက် ရောဂါပိုး ရှိမရှိကို...

ကာကွယ်ဆေးထိုးပြီးသော်လည်း ဟိုပုံးမြို့ ထွေအုပ်ရုံး ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရ

သျှမ်းပြည် တောင်ပိုင်းဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းများ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီး သော်လည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံနေရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ ယခုလ သြဂုတ်လ ပထမပတ်မှ စတင်ကာ စစ်ကောင်စီ စီမံချက်အတိုင်း ထိုးရသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ထိုးပြီးသည့်...

နောင်ချိုမြို့ ကိုဗစ်လူနာ အောက်စီဂျင် အခက်အခဲရှိနေ

Stay at home အိမ်နေကာလအဖြစ် ကြေညာထားခြင်းခံထားရသည့် သျှမ်းပြည် မြောက်ပိုင်းရှိ နောင်ချိုမြို့ နယ်တွင် ပိုးတွေ့ လူနာများအတွက် အောက်စီဂျင် အခက်အခဲ ရှိနေကြောင်း  သိရသည်။ နောင်ချို မြိုန့ယ်တွင် ကိုဗစ် - ၁၉ တတိယလှိုင်းမှ အတည်ပြုလူနာကို  ဇွန်လ ၁၆ ရက်မှ...

တာချီလိတ်မြို့နယ် အတွင်း ကိုဗစ် – ၁၉ ကူးစက် သေဆုံးမှုနှုန်း တိုးမြင့်နေဆဲ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ တတိယလှိုင်း အတွင်း ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာများ အဆမတန်များပြားလာသည့် အပြင် သေဆုံးသည့် အတည်ပြုလူနာများလည်း များ ပြားလာကြောင်း သတင်းသိရသည်။ “တာချီလိတ်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုနှုန်းမြင့်မားလာပါတယ်၊ မနေ့က ဩဂုတ်လ (၁၆) ရက်နေ့မှာ...

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။ ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်)...

တာချီလိတ်မြို့ ဆေးရုံဟောင်းမှ ကိုဗစ် – ၁၉ စစ်ဆေးတွေ့သည့် လူနာ ၂ ဦးထွက်ပြေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်း  ထားရှိသည့် Fever Clinic စင်တာတွင် ကိုဗစ် - ၁၉ ပိုး  ကူးစက်ခံရသူ အတည်ပြု လူနာ ၂ ဦး ထွက်ပြေး ကြောင်း သတင်း သိရသည်။ ထွက်ပြေးသွားကြသူများမှာ တာချီလိတ်မြိုႉ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် နေထိုင်ကြသည့်...

တာချီလိတ်ရှိ ကိုဗစ်ကူးသူများ အိမ်တွင်းကျိတ်မကုရန် မြို့ခံကျန်းမာရေး နှင့် ပရဟိတအဖွဲ့ ပြော

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် လူနာများနှင့် ရောဂါ သံသယ လက္ခဏာရှိသည့် လူနာများရှိပါက  အိမ်တွင်း ကျိတ်ပြီး ကုသမှုများ မပြုလုပ်ကြရန် ကျန်းမာရေး နှင့် ပရဟိတ သမားများက တောင်းဆိုနေကြသည်။ သြဂုတ်လ ဆန်းပိုင်းမှ ယနေ့ အထိ...

တာချီလိတ်တွင် ကိုဗစ်ကြောင့် တစ်ရက်တည်းတွင် ၅ ဉီးသေဆုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်   ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် ၁ ရက်တည်းအတွင်း ၅ ဉီးသေဆုံးကြောင်း သိရသည်။ ယမန်နေ့ ဩဂုတ်လ ၈ ရက်က   တာချီလိတ်ခရိုင်ဆေးရုံကြီးရှိ ကိုဗစ်ကူးစက်အတည်ပြုလူနာများ အနက်  ၅ ဉီးအထိသေဆုံးမှုရှိကြောင်း   တာချီလိတ်မြို့ ပရဟိတ လူမှုကူညီရေးအသင်းမှ...

ကျန်းမာရေးလိုက်နာမှုအားနည်းသောကြောင့် တောင်ကြီးတွင် ကိုဗစ် ၁၉ လူနာ ၁၁၇ ထိတိုးလာ မြို့နယ်ကျန်းမာရေးပြော

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ကိုဗစ် ၁၉ လူနာ ၁၁၇ ဦးရှိပြီကြောင်း စုံစမ်းသိရှိရသည်။ လူနာ ၁၁၇ အနက် ဆေးရုံ၌ဆေးကုသမှုခံယူနေသည့်ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၅ ဦးကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာမိုးထွန်းက သျှမ်းသံတော်ဆင့်...

သျှမ်းပြည်တွင် ကိုဗစ်ကူးစက်သူ ၆၀၀ ကျော်တိုးလာ

သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ(၆၅၀) ကျော် ရှိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၀) ရက်နေ့ထိ စာရင်းအရ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၆၅၅) ဦး၊ သေဆုံးသူ ၃ ဦး နှင့် ဆေးရုံမှ ဆင်းခွင့်ရသူ (၄၄၅)...

Latest news