တာချီလိတ်ရှိ ကိုဗစ်ကူးသူများ အိမ်တွင်းကျိတ်မကုရန် မြို့ခံကျန်းမာရေး နှင့် ပရဟိတအဖွဲ့ ပြော

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် – ၁၉ ရောဂါကူးစက်ခံရသည့် လူနာများနှင့် ရောဂါ သံသယ လက္ခဏာရှိသည့် လူနာများရှိပါက  အိမ်တွင်း ကျိတ်ပြီး ကုသမှုများ မပြုလုပ်ကြရန် ကျန်းမာရေး နှင့် ပရဟိတ သမားများက တောင်းဆိုနေကြသည်။

တာချီလိတ်မြို့တွင်း ကိုဗစ်ကြောင့် အပြင်မထွက်ရဲကြသဖြင့် လူသူခြောက်ကပ်နေပုံ

သြဂုတ်လ ဆန်းပိုင်းမှ ယနေ့ အထိ တာချီလိတ်မြို့တွင် ကိုဗစ် ၁၉ ကူးစက်လူနာ တရက်ထက် တရက်မြင့်တက်လာနေကြောင်း၊ အိမ်တွင်း ကိုယ်ထူကိုယ်ထ ကုသမှု ကြောင့်သေ ဆုံးမှုလဲ ရှိလာနေကြောင်း၊ ထို့ကြောင့် ကိုဗစ်သံသယ သို့မဟုတ် ကူးစက်ခံရပါက ကျန်းမာရေးဌာန သို့ အကြောင်းကြားပြီး ကုသမှု လမ်းညွှန်မှုခံယူသင့်ကြောင်း၊  ကျန်းမာရေး နှင့် ပရဟိတ သမားများက တောင်းဆိုတိုက်တွန်းထားသည်ဟု ဒေသခံပြည်သူ တဉီးက ပြောသည်။

ပြည်သူက အိမ်တွင်း ကျိတ်ကုတာမျိုးတွေက မတည့်တာမျိုးတွေ ဖြစ်လာပြီဆိုရင် ရောဂါ အခြေအနေ ပိုဆိုးလာနိုင်ဖို့ပဲ ရှိတယ်၊ အဲ့ကြောင့် ပြည်သူများကျိတ်မကုပါနဲ့ တတ်ကျွမ်းတဲ့ ဆေးရုံ၊ ဆေးခန်း ဆရာဝန် တွေနဲ့ ပြသပြီးကုသမှု ခံယူပါလို့ ပြောချင်ပါတယ်” ဟု  တာချီလိတ် ပရဟိတ လူမှုကူညီ ရေးအသင်းမှ ဦးကိုကိုဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း ပိုးတွေ့လူနာများ စံချိန်တင်မြင့်တက်များပြားလာသည့် တာချီလိတ် မြို့ သည် Stay At Home ကြေညာခံထားရသည့် မြို့ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ရောဂါ တစ်ဖက် နှင့် စားဝတ်နေရေး အတွက် အခက်အခဲများ   ရင်ဆိုင်နေရသည်။

ပိုးတွေ့များလာလို့ Stay At Home ကြေညာတာတော့ မကန့်ကွက်ပါဘူး၊ ဒါပေမယ့် ပြည်သူတွေက စားဝတ် နေရေးအတွက်လည်း ရှိသေးတယ်ဆိုတော့ ဒီအတွက်လည်း တာဝန်ရှိသူတွေ ညှိနှိုင်းအဖြေရှာပေးဖို့ တောင်းဆိုလိုပါတယ်”  – ဟု ၎င်းကပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကိုဗစ် တတိယလှိုင်းအတွင်းမှ ပြည်သူများ အိမ်တွင်းကုသမှုများသည်လည်း ငွေကြေး အခက်အခဲကြောင့်လည်း ဖြစ်ကြောင်း တာချီလိတ်ဒေသခံတဉီးက ပြောသည်။

ကျနော်တို့ တမိသားစုလုံးကူးတယ်။ ၅ ယောက်လုံးပဲပေါ့။ ဆေးရုံတက်ရင် ကုန်ကျဖို့ကော၊ ဆေးဖိုး ဝါးခတွေ လိုအပ်တဲ့ အစားအစာတွေ ပို့ဖို့ မလွယ်ကူဘူးလေ၊ ပြီးတော့ အသက်ကြီးတဲ့လူနာတွေဆို ကိုယ့်သားသမီး ဆွေမျိုးတွေ ကိုပဲ အနားမှာရှိနေချင်ကြတာ၊ ဆေးရုံမှာက အဲ့လိုတွေမရဘူးလေ” ဟု  တာချီလိတ်မြို့ခံ စိုင်းယီတွီ့က ပြောသည်။

တာချီလိတ်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ များပြားလာသောကြောင့် အာဏာသိမ်း စစ်ကောင်စီလက် အောက်ခံ အာဏာပိုင်းများက ဇူလိုင် ၁၃ ရက်ကစတင်ကာ Stay at Home ဒေသအဖြစ် သတ်မှတ်ခဲ့ သော်လည်း အမိန့်အာဏာ နှင့် ရောဂါကာကွယ်ထိန်းချုပ်မှု ထိရောက်ခြင်း မရှိကြောင်း သိရသည်။

ကိုဗစ် – ၁၉ တတိယလှိုင်းတွင် တာချီလိတ်မြို့၌ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၈၂၉ ဉီးရှိနေပြီး သေဆုံးသည့်လူနာ စုစုပေါင်း ၂၄ ဉီး အထိ ရှိလာနေပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...