တာချီလိတ်မြို့နယ် အတွင်း ကိုဗစ် – ၁၉ ကူးစက် သေဆုံးမှုနှုန်း တိုးမြင့်နေဆဲ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် – ၁၉ တတိယလှိုင်း အတွင်း ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာများ အဆမတန်များပြားလာသည့် အပြင် သေဆုံးသည့် အတည်ပြုလူနာများလည်း များ ပြားလာကြောင်း သတင်းသိရသည်။

Photo SS from shaneastnewsmandrel VDO- တာချီလိတ်ဆေးရုံ

“တာချီလိတ်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုနှုန်းမြင့်မားလာပါတယ်၊ မနေ့က ဩဂုတ်လ (၁၆) ရက်နေ့မှာ အမျိုးသား (၃)ဦး နဲ့အမျိုးသမီး (၂)ဦး တစ်ရက်ထဲ (၅) ဦးသေဆုံးသွားခဲ့ပါတယ်” ဟု တာချီလိတ်မြို့နေ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်း ထားရှိသည့် Fever Clinic စင်တာသည်လည်း ကိုဗစ် – ၁၉ ရောဂါများ ကို တစ်ရက်ခြား အလှည့်ကျဖြင့်သာ စစ်ဆေးပေးနေကြောင်း တာချီလိတ်မြို့မှ ပရဟိအသင်းဝင် ဦးကိုကိုဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုတလော ထိုင်းဖက်ကနေ မြန်မာပြည်ကို ပြန်လာတဲ့သူတွေကလည်း များနေတယ်လေ၊ သူတို့ကိုလည်း စစ်ပေးရတယ်၊ ပြီးတော့ ဒီတာချီလိတ်မြို့တွင်းက သံသယလူနာနဲ့ ပြည်သူတွေကိုလည်း စစ်ပေးရတယ်၊ ပြောရမယ်ဆို စင်တာကလူတွေက နားရတယ်ကို မရှိဘူး၊ စစ်တိုင်းတွေ့တယ်၊ တွေ့တော့ ကွာရန်တင်းစင်တာ ကို ပို့ရတာ” ဟု ဦးကိုကိုဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်ရောဂါဖြင့် တက်ရောက်ကုသမှုခံယူနေသူများ အားလုံး သည် အောက်ဆီဂျင်အမြဲပေးထားရသည့် အရေးပေါ်အခြေအနေ လူနာများဖြစ်ကြောင်း တာချီလိတ်ပြည်သူ့ ဆေးရုံကြီး အသိုင်းအဝိုင်းမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူနာတွေကလည်း နေ့နေ့ညည ဆေးရုံ ဆေးခန်းပြသဖို့ အပူအပင်တွေ အဆင်မပြေမှုတွေ များစွာ ရှိသလို ပြည်သူ့ဆေးရုံကြီးမှာလည်း ဆရာဝန် ၊ ဆရာမ အင်အားမလုံလောက်တဲ့ အခက်ခဲများစွာရှိ နေပါတယ်၊ဒေသ တွင်းမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ထိန်းမနိုင် သိမ်းမရ အရမ်းဆိုးရွားမလာဖို့ မျှော်လင့်မိပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ကိုဗစ် – ၁၉ တတိယလှိုင်းတွင် တာချီလိတ်မြို့၌ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၂၀၀၀ ဦးဝန်းကျင်ရှိနေပြီး ရောဂါကြောင့် သေဆုံးသူ ၅၀ နီးပါးရှိလာသည့် အပြင် ကိုဗစ် – ၁၉ အတည်ပြုလူနာမှ ထွက်ပြေးသူ စုစု ပေါင်း ၁၀ ဉီးထက်မနည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...