တာချီလိတ်မြို့ ဆေးရုံဟောင်းမှ ကိုဗစ် – ၁၉ စစ်ဆေးတွေ့သည့် လူနာ ၂ ဦးထွက်ပြေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆေးရုံဟောင်းအတွင်း  ထားရှိသည့် Fever Clinic စင်တာတွင် ကိုဗစ် – ၁၉ ပိုး  ကူးစက်ခံရသူ အတည်ပြု လူနာ ၂ ဦး ထွက်ပြေး ကြောင်း သတင်း သိရသည်။

Photo တာချီလိတ်မဏ္ဍိုင်- တာချီလိတ်ရှိ FEVER CLINIC

ထွက်ပြေးသွားကြသူများမှာ တာချီလိတ်မြိုႉ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)တွင် နေထိုင်ကြသည့် အသက်(၂၈)နှစ်အရွယ် မမာမာဝင်း နှင့် အသက်(၁၇)နှစ်အရွယ် ကိုဇော်မင်းထွေးတိုႉ ဖြစ်ကြောင်း သိရပြီး ၎င်းတို့ပေးထားသည့် ဖုန်းနံပါတ်ဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍မရကြောင်း တာချီလိတ်မြို့ ကိုဗစ် – ၁၉ Fever Clinic မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

“သူတို့ ပေးထားတဲ့ ဖုန်းကို ဆက်သွယ်တယ် မရဘူး၊ ကိုဗစ် – ၁၉ ပိုးစစ်ဆေးတွေ့ရှိတာများ ထွက်ပြေးစရာ မလိုပါဘူး၊ ပိုးတွေ့လူနာကို သက်ဆိုင်ရာကျန်းမာရေးဌာန စောင့်ကြပ်ကုသပေးမှုကို ဘာလို့ မခံယူချင်တာလဲ၊ အခုလို ထွက်ပြေးတာ့ မသိတဲ့ တခြားသူတွေနဲ့ ထိတွေ့မိရင် ပိုခက်ကုန်တော့မယ်၊ တာချီလိတ်က ပိုးတွေ့များ နေရတဲ့ အထဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယမန်နေ့ သြဂုတ်လ ၁၁ ရက်နေ့ တစ်ရက်တည်းတွင် တာချီလိတ်မြို့၌ ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၇၂ ဦး ထပ်တိုးပြီး ​၁ ရက်တည်းအတွင်း ကိုဗစ်​ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိ​ကြောင်း တာချီလိတ်မြို့ ပရဟိတ လူမှုကူညီ ရေးအသင်းမှ ဦးကိုကိုဦးထံမှ သိရသည်။

“မနေ့က တာချီလိတ်မှာပိုးတွေ့သူ စုစုပေါင်း ၇၂ ဦးရှိပါတယ်၊ Fever clinic စင်တာမှာ ၅၉ ဦးကို ရောဂါပိုးစစ် ဆေးတွေ့မိတယ်၊ ဒီထွက်ပြေးတဲ့ နှစ်ဦးအပါအဝင်ပေါ့၊ သူတို့အခုလို ထွက်ပြေးတာကတော့ သူတို့အတွက်ရော တခြားသူတွေ အတွက်ရော အန္တရာယ်များတယ်“ –  ဟုဦးကိုကိုဦး က ပြောသည်။

ကိုဗစ် – ၁၉ တတိယလှိုင်းတွင် တာချီလိတ်မြို့၌ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၂၀၀၀ ဦးဝန်းကျင်ရှိနေပြီး ​ရောဂါကြောင့် သေဆုံးသူ ၃၀ ဝန်းကျင်ရှိလာသည့် အပြင် ကိုဗစ် – ၁၉ အတည်ပြုလူနာ ထွက်ပြေးမှု များ လည်း ခဏခဏဖြစ်ပွားကာ လက်ရှိတွင် ကိုဗစ် – ၁၉ အတည်ပြုလူနာမှ ထွက်ပြေးသူ စုစုပေါင်း ၄ ဦးရှိ နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...