Tuesday, January 27, 2026

ကျန်းမာရေးလိုက်နာမှုအားနည်းသောကြောင့် တောင်ကြီးတွင် ကိုဗစ် ၁၉ လူနာ ၁၁၇ ထိတိုးလာ မြို့နယ်ကျန်းမာရေးပြော

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ထိ ကိုဗစ် ၁၉ လူနာ ၁၁၇ ဦးရှိပြီကြောင်း စုံစမ်းသိရှိရသည်။

လူနာ ၁၁၇ အနက် ဆေးရုံ၌ဆေးကုသမှုခံယူနေသည့်ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၅ ဦးကျန်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာမိုးထွန်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ တောင်ကြီးမှာကအရင်ကနေခုထိ ၁၁၇ ရှိတယ်။ လက်ရှိဆေးရုံတက်လူနာက ၂၅ ကျန်ရှိနေသေးတယ်။ အားလုံးကတော့ ကျန်းမာရေးအခြေနေကောင်းတယ်” ဟု ဒေါက်တာမိုးထွန်းကပြောသည်။

  ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင်ကိုဗစ်အတည်ပြုလူနာသစ် ၂ ဦးထပ်တိုးကြောင်း သိရသည်။

တောင်ကြီးမြို့သည် ကိုဗစ် ၁၉ အတည်ပြုလူနာ များလာရခြင်းမှာ ဒုတိယလှိုင်းစ ရာတွင် ပြည်သူများ အနေဖြင့် ကျန်းမာရေး လိုက်နာမှုအားနည်းပြီး ခရီးသွားမှုများသောကြောင့် ဖြစ်သည်ဟု ဒေါက်တာမိုးထွန်းက ဆိုသည်။

“ ပထမလှိုင်းက ၇ ယောက်ဘဲရှိတယ်။ Mask တပ်တဲ့ရာခိုင်နှုန်း၊ လက်ဆေးတဲ့ရာခိုင်နှုန်း၊ လူစုလူဝေး မလုပ်ဘူးဆိုတဲ့ ရာခိုင်နှုန်းတွေကို လိုက်နာဆောင်ရွက်တာက အားနည်းနေတယ်။ ၆ ပေကွာ နေထိုင်မှုကလည်း အားနည်းနေတယ်။ အဲလိုဘဲ ကုန်စည်စီးဆင်းမှုကနေပြီးတော့ ယာဉ်နောက်လိုက်တွေကနေ တွေ့လာတယ်” ဟု ဒေါက်တာမိုးထွန်းကပြောသည်။

ယခုကဲ့သို့ ကိုဗစ် လူနာများလာရခြင်းသည် ဆရာဝန်များအတွက် ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်ဆံသူ များကို လိုက်ရှာရာတွင် အခက်ခဲများစွာရှိကြောင်း  ဒေါက်တာမိုးထွန်းက ထပ်လောင်းပြောသည်။

တောင်ကြီးမြို့တွင် Quarantine စင်တာ ၁၃ ခုရှိပြီး စင်တာတိုင်းတွင် လူနေမှုပြည့်နေကြောင်းသိရသည်။ တောင်ကြီးမြို့နယ်တွင် Quarantine ဝင်နေသူပေါင်း ၁၀၀၀ ကျော်ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာ များလာသောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်ကြောင်း ဆရာဝန်များနှင့် ပရဟိတ ဆောင်ရွက်နေသည့် အဖွဲ့များက အကြံပြုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံကို ဆိုင်ခန်းဆောက်လုပ်မည့်ကိစ္စ မြို့ခံများကန့်ကွက်

0
သျှမ်းပြည် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းကာ “ပန်းခြံစည်ကားသာယာလှပေစရန်” အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် စီစဉ်နေကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တောင်ကြီးမြို့တွင် အများပြည်သူအပန်းဖြေရန် တစ်နေရာသာကျန်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံကို လူနေဆိုင်ခန်းတွဲများ ဆောက်လုပ်ရန် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်...

တောင်ကြီးမြို့ ပျောက်ဆုံး အထက်တန်းကျောင်းသား အလောင်း ပြန်တွေ့၊ ဒေသခံများ တုန်လှုပ်

0
သျှမ်းပြည် တောင်ကြီးမြို့တွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သွားရာက ၆ ရက်ကြာ ပျောက်ဆုံးခဲ့သည့် အထက်တန်း ကျောင်းသား ရုပ်အလောင်းသာ ပြန်တွေ့၍ တုန်လှုပ်ရကြောင်း မြို့ခံများက ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ၊ အထက (၄) တွင် Grade...
Taunggyi_Polling_Stations

တောင်ကြီးမြို့နယ်တွင် မဲပေးနည်းနှင့် မဲရုံမသိ၍ မဲပေးသူနည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်အတွင်း ကျေးရွာဘက်တွင် မည်သို့ ရွေးချယ်မဲပေးရမည်ကို မသိခြင်း၊ မည်သည့် မဲရုံတွင် မဲပေးရမည်ကို မသိခြင်းတို့ကြောင့် ဆန္ဒမဲပေးသူ နည်းပါးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီး၊ ဟိုပုံး၊...