နောင်ချိုမြို့ ကိုဗစ်လူနာ အောက်စီဂျင် အခက်အခဲရှိနေ

Stay at home အိမ်နေကာလအဖြစ် ကြေညာထားခြင်းခံထားရသည့် သျှမ်းပြည် မြောက်ပိုင်းရှိ နောင်ချိုမြို့ နယ်တွင် ပိုးတွေ့ လူနာများအတွက် အောက်စီဂျင် အခက်အခဲ ရှိနေကြောင်း  သိရသည်။

Photo Credit SDM-နောင်ချို့မြို့က ကိုဗစ်အတည်ပြုသေဆုံးလူနာအား ဖြူစင်မေတ္တာပရဟိ အသင်းမှ မီးသဂြိုဟ်ပေးစဉ်

နောင်ချို မြိုန့ယ်တွင် ကိုဗစ် – ၁၉ တတိယလှိုင်းမှ အတည်ပြုလူနာကို  ဇွန်လ ၁၆ ရက်မှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယနေ့ သြဂုတ် ၁၈ ရက်အထိ ၂ လ ကျော်ကာလအတွင်း  ပိုးတွေ့ အတည်ပြုလူနာ (၁,၀၄၃)ဦး၊ သေဆုံးသူ ၃၇ ဉီးရှိကြောင်း နောင်ချိုမြို့ ပရဟိတ အသင်းထံမှ သိရသည်။ ထိုသို့များပြားလာသဖြင့် ဆေးဝါး ကုသမှု ခံယူနေဆဲလူနာမှ အောက်စီဂျင် အခက်အခဲကြုံတွေ့လာနေသည်ဟုလည်း ကြားသိရသည်။။

“ပိုးတွေ့လူနာတွေက များပြားလာတယ်လို့ ဆိုရမှာပါ၊ အောက်စီဂျင်ကျတဲ့ လူနာတွေကလည်း များတယ်၊ ဒီနေ့ဆို မြို့မှာ အောက်စီဂျင် မလုံလောက်လို့ လားရှိုးထိဆင်းယူရတယ်၊ ပြင်ဦးလွင်ထိလည်း ယူရတယ်၊ မြို့ထဲမှာ တော်တော်အောက်စီဂျင်လိုအပ်နေတယ်” ဟု နောင်ချိုမြို့မှ ပရဟိတ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

 နောင်ချိုမြို့နယ်အတွင်းမှ တွေ့ရှိသည့် ပိုးတွေ့အတည်ပြုလူနာများအနက် ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ  (၉၀၂) ဦး ၊ ကုသနေဆဲ လူနာက ၁၀၀ ကျော်သာရှိသော်လည်း အောက်စီဂျင်မလုံ လောက်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းကလည်းပြောသည်။

“ဆေးမရုံမလာဘဲ အိမ်မှာ ပုန်းကုနေတာရှိတယ်။ အဲဒါတော့ စာရင်းအတိအကျ မသိရဘူး။ ရပ်ကွက်ထဲ လဲ လိုအပ်တော့ မလုံမလောက်ဖြစ်လာတာပါ” – ဟု နောင်ချိုမြို့ ဆေးရုံအသိုင်းအဝိုင်းကပြောသည်။

ယနေ့မှာလည်း နောင်ချိုမြို့မှ တစ်ဆင့် အောက်စီဂျင် ရရှိနိုင်ရေးအတွက် ပြင်ဦးလွင် နှင့် လားရှိုးသို့ သွားရောက် ယူဆောင်နေရကြောင်း ပရဟိတ အသင်းများလည်း သိရှိရသည်။

ပြီးခဲ့သည့်  ဇူလိုင် ၂ ရက်မှ စတင်ပြီး ပိုးတွေ့လူနာ များပြားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီ လက်အောက်ခံ ဖြစ်သည့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက Stay at Home မြို့အဖြစ် ကြေငြာခဲ့ပါ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...